DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါ MÖGE ရေနံမှော်ကင်းစခန်းကို ယောဒေသကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်
DVB
·
August 17, 2024
ဂန့်ဂေါ MÖGE ရေနံမှော်ကင်းစခန်းကို ယောဒေသကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်
Donate to DVB

မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့နယ် ကျောတိုက်နယ်ဒေသအတွင်းက MOGE ရေနံမှော် ကင်းစခန်းကို ယောဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁၂ ဦးကို ဖမ်းဆီးထားတယ်လို့ အမှတ်-၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၅ ရက် မနက် ၅ နာရီကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ် ၁၆ ရက် နေ့လယ် ၁ နာရီမှာ MOGE ရေနံမှော် ကင်းစခန်း (ဒေသအခေါ် Well-1 ထုတ်လုပ်ရေးစခန်းနဲ့ ရေနံကျင်းကင်းစခန်း) ပွိုင့် ၂ ပွိုင့်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ကျောကပစ ၂၃ မှ သုံးပွင့်ဗိုလ် သော်ဇင်အောင် နဲ့ ဒုရဲအုပ် ကိုကိုအောင် အပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ဒုအရာခံဗိုလ် ဝင်းမြင့်ထွန်းအပါအဝင် စစ်သုံ့ပန်း ၁၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲက ၁၅ ရက်မနက် ၅ နာရီမှ စဖြစ်ပြီး ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ သိမ်းနိုင်ခဲ့တာပါ၊။ တိုက်ပွဲရလဒ်က ပူးပေါင်းတပ်ဖွဲ့ကနေ တဦးကျဆုံးပြီး တဦးဒဏ်ရာရတယ်ပေါ့နော်။ စစ်သုံ့ပန်းကတော့ ၁၂ ယောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သုံ့ပန်းတွေကိုတော့ ပူးပေါင်းစစ်ဆင်ရေးနဲ့ သွားတာဆိုတော့ ဂန့်ဂေါစစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့သွားတာပေ။ါ့ ပူးပေါင်းအဖွဲ့တွေ ညှိနှိုင်းပြီး ဆက်လုပ်သွားဖို့ရှိတယ်၊ လောလောဆယ်တော့ အကောင်းဆုံးစောင့်ရှောက်ထားပါတယ်” လို့ CDF-KKG တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက် အလက် ၃၀၊ ကျည်အတောင့် ၂၆၀၀ ကျော်နဲ့ အခြားစစ်ဘက်အသုံးအဆောင် ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် အမှတ် (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့(HYPER UAV FORCE)၊ ABSDFတပ်ရင်းအမှတ်(၁၂)၊ CDF KKGတပ်ရင်း အမှတ်(၄၊၅၊၆)၊ ကျောတိုက်နယ်ပကဖတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013