DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယားက နိုင်ငံတကာ ခရီးသွားများအတွက် နယ်စပ်ဖွင့်ပေးမည်
DVB
·
August 16, 2024
မြောက်ကိုရီးယားက နိုင်ငံတကာ ခရီးသွားများအတွက် နယ်စပ်ဖွင့်ပေးမည်
Donate to DVB

မြောက်ကိုရီးယားဟာ ဒီဇင်ဘာလမှာ သူ့ရဲ့ အရှေ့မြောက်ပိုင်းမြို့တော် ဆမ်ဂျီယွန်ကို နိုင်ငံတကာခရီးသွားလုပ်ငန်း ပြန်လည်စတင်မှာဖြစ်ပြီး နိုင်ငံရဲ့ ကျန်အစိတ်အပိုင်းတွေကိုလည်း လုပ်လာနိုင်ခြေရှိကြောင်း ခရီးသွားကုမ္ပဏီတွေက သြဂုတ် ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

ပေကျင်းအခြေစိုက် ဂေါ်ရ်ယို တိုးခရီးသွားလုပ်ငန်းရဲ့ ဝက်ဘ်ဆိုက်မှာတော့ သူတို့ရဲ့ ပြည်တွင်းလုပ်ဖော်ကိုင်ဖက်တွေဆီကနေ ဆမ်ဂျီယွန်သို့ ခရီးသွားလုပ်ငန်းအကြောင်း အတည်ပြုချက် ရရှိထားပြီး နိုင်ငံရဲ့ ကျန်ဒေသတွေကိုလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ တရားဝင် ပြန်လည်စတင်နိုင်ဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။

တခြားခရီးသွားအေဂျင်စီ ကေတီဂျီတိုးကလည်း ခရီးသွားတွေဟာ အခုဆောင်းရာသီကစပြီး တရုတ်နိုင်ငံ နယ်စပ်အနီးရှိ မြို့ကို လာရောက်လည်ပတ်နိုင်တော့မှာဖြစ်ကြောင်း ကြေညာထားပါတယ်။

ဒီဆောင်ရွက်ချက်ဟာ နှစ်အတန်ကြာ တင်းကျပ်ထားတဲ့ ကိုဗစ် နယ်စပ်ထိန်းချုပ်မှုအပြီးမှာ သီးသန့်နိုင်ငံဟာ နိုင်ငံရပ်ခြားက ခရီးသွားအုပ်စုကြီးတွေကို နယ်စပ်တွေ ပြန်ဖွင့်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၂၀ ခုနှစ်ကတည်းက နိုင်ငံတကာခရီးသွားတွေကို အပြည့်အဝ မဖွင့်ပေးထားခဲ့ပါဘူး။

ဆမ်ဂျီယွန်မြို့ဟာ သန့်စင်မြင့်မြတ်တဲ့ ဘဲ့ဂ်ဒူဆန် တောင်အနီးမှာ ရှိပါတယ်။ အဲဒီတောင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း မိသားစုရဲ့ ဆင်းသက်ရာဒေသလို့ အခိုင်အမာ ပြောထားပြီး ၂၀၁၈ ခုနှစ်ကတည်းက အကြိမ်ပေါင်းများစွာ လာရောက်နေခဲ့တာ ဖြစ်ပါတယ်။

တရားဝင် KCNA သတင်းဌာနက ကင်မ်ဂျုံအန်းကို “ခေတ်သစ်လူ့ယဉ်ကျေးမှုရဲ့ စံပြုပုဂ္ဂိုလ်” ဆိုပြီး ချီးမြှောက် ပြောကြားထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013