DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီအခက်အခဲကြောင့် ဖယ်ရီကားအချို့ မထွက်နိုင် 
DVB
·
August 15, 2024
စက်သုံးဆီအခက်အခဲကြောင့် ဖယ်ရီကားအချို့ မထွက်နိုင် 
Donate to DVB

မြန်မာပြည်တွင်းမှာ စက်သုံးဆီ ဝယ်ယူရခက်တဲ့ ပြဿနာကြောင့် စက်ရုံ၊ ရုံးနဲ့ ကျောင်းဖယ်ရီကား တချို့ အချိန်မီ ကြို/ပို့နိုင်ဖို့ အခက်တွေ့နေကြရတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။

လက်ရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီဖြည့်ဖို့ ကားတန်းရှည်ဖြစ်နေပြီး နာရီများစွာ ကြာအောင် စောင့်ဆိုင်းနေကြရတာကြောင့် ဖယ်ရီကားတချို့ မထွက်နိုင်တဲ့အခြေအနေဖြစ် နေတာလို့ ဆိုပါတယ်။

မင်္ဂလာဒုံမြို့နယ်မှ စက်ရုံဖယ်ရီကားမောင်းသူတဦးက "ဒီမှာတော့ ဂတ်စ်ကားများတယ်။  ရှိတဲ့ဆီ ကားတွေကတော့ ဆီ မရတော့ မထွက်နိုင်ဘူး။ အဲဒီတော့ တခြားကားကို အစားထိုးပေးရတယ်။ အစားထိုးစရာမရှိရင် အလုပ်သမားတွေ လိုင်းကားစီးပြီးတော့ ပဲအလုပ်တက်ဆင်းလုပ် ရတယ်"လို့ ပြောပါတယ်။

ဖယ်ရီကားတချို့မထွက်နိုင်တာကြောင့် အလုပ်သမားတွေ အချိန်မီ အလုပ် မဝင်နိုင်လို့ စက်ရုံတွေ အခက်တွေ့နေကြရပြီး ရေရှည်ဖြစ်ဆက်ဖြစ်နေရင် အခြေအနေပိုဆိုးလာနိုင်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

ဒါ့အပြင် ကျောင်းကြို/ပို့ ကားတချို့အနေနဲ့လည်း ဆီတန်းစီစောင့်နေရတာကြောင့် အချိန်မီ ကြိုပို့ မလုပ်ပေးနိုင်လို့ ကျောင်းသားမိဘတွေ ကိုယ်တိုင် လိုက်ပို့ပေးနေရတယ်လို့ ကိုယ်တိုင်ကြုံရသူ တဦးက ဆိုပါတယ်။

"ဒီရက်ထဲ ကျောင်းကားကအခက်အခဲဖြစ်နေလို့ ကိုယ်တိုင်ကြို/ပို့လုပ်ပေး နေရတယ်။ အိမ်သား တယောက်က အဲဒီအတွက် သီးခြားအချိန်ပေးနေရတာ။ ရေရှည်ဆိုမလွယ်ဘူး။”

ရန်ကုန်အပါအဝင်နိုင်ငံတဝန်းမှာ စက်သုံးဆီရှားပါးနေတာဖြစ်ပြီး အချိန်ပေးတန်းစီ စောင့်ဆိုင်း နေရသလို အကန့်သတ်နဲ့ ဝယ်နေကြရတယ်လို့ ယာဥ်မောင်းတွေက ဆိုပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာစျေးတက်နေတာကြောင့် စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေ အနေနဲ့ တင်သွင်းတဲ့ပမာဏကို လျှော့ချထားတာကြောင့် အခုလို ပြဿနာတွေ ဖြစ်နေရတာလို့ အဲဒီလုပ်ငန်းအသိုင်းဝိုင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013