DVB Logo
Home
မြန်မာသတင်း
ဇလွန်မြို့နယ် မြေနုကျွန်းနယ်နိမိတ် သတ်မှတ်နိုင်ရေး ဆန္ဒထုတ်ဖော်
DVB
·
September 30, 2014
ဇလွန်မြို့နယ် မြေနုကျွန်းနယ်နိမိတ် သတ်မှတ်နိုင်ရေး ဆန္ဒထုတ်ဖော်
Donate to DVB

မြေနုကျွန်းနယ်နိမိတ် သတ်မှတ်နိုင်ရေး ဆန္ဒဖော်ထုတ်ပွဲကို သက္ကယ်ကျွန်းကျေးရွာ ဒေသခံ ကိုင်းတောင်သူတွေ ဦးဆောင်ပြီး  စက်တင်ဘာ ၂၉ ရက်နေ့က ဇလွန်မြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

[caption id="attachment_66477" align="alignleft" width="300"]ဆန္ဒထုတ်ဖော်နေကြစဉ် ဆန္ဒထုတ်ဖော်နေကြစဉ်[/caption]

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် သက္ကယ်ကျွန်းကျေးရွာအုပ်စုနဲ့ ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ် ရေပေါ်သောင်ကျေး ရွာအုပ်စု အကြား ဧရာဝတီမြစ်ရိုးအ တွင်း ပေါ်ထွန်းလာတဲ့ မြေနုကျွန်းနဲ့ ပတ်သက်ပြီး နယ်မြေ သတ်မှတ်ပေးဖို့ ဆန္ဒပြကြတာပါ။

အဲဒီဒေသမှာ အငြင်းပွား တရားစွဲဆိုခဲ့ရတဲ့အပြင် စိုက်ပျိုးထားတဲ့ သီးနှံခင်းတွေ ဖျက်ဆီးခံခဲ့ရတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ပြ သရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ဦးတန်တေးကတော့ “လူကြီးတက်လာတိုင်း တက်လာတိုင်းဟာ ကျနော်တို့ သက်ကယ်ကျွန်းကျေးရွာရဲ့ မြေပုံ၊ ပိုင်ဆိုင်မှု မြေဧရိယာကို လုံးဝမှ အခုချိန်ထိ မလုပ်ဆောင်ခဲ့ပါဘူး။ မလုပ်ဆောင်ခဲ့လို့ ကျနော်တို့ အခုလို လူထုဆန္ဒ ထုတ်ဖော်ပွဲလုပ်ရတာပါ။ တိုက်ကြီး ရေပေါ်သောင်အုပ်စုက ဒီနေရာကို လာလုပ်ပါတယ်။ ကျနော်တို့ တိုင်းဒေသကြီးနယ်နိမိတ်ရဲ့ မျဉ်းရဲ့ ထိစပ်နေတဲ့ အပြင်ဘက် သက္ကယ်ကျွန်းမှာပေါ့” လို့ ပြောပါတယ်။

သက္ကယ်ကျွန်း ကိုင်းတောင်သူတွေ စိုက်ပျိုးတဲ့ကိုင်းသီးနှံတွေကို ၂၀၁၄ ခုနှစ် ကိုင်းရာသီ ပေါ်ခါနီးမှာ ဖျက်ဆီးခံခဲ့ရတဲ့အတွက်  ဇလွန်တရားရုံးမှာ တရားစွဲဆိုခဲ့ပေမယ့် ဧရာဝတီတိုင်း တိုင်းဒေသကြီးနယ်နိမိတ် မသတ်မှတ်ရသေးတဲ့အတွက် ပလပ်ခံခဲ့ရပါတယ်။

ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပါဝင်တဲ့ ရေပေါ်သောင်ကျေးရွာက  တိုင်ကြားတဲ့အမှုကိုတော့ တိုက်ကြီးမြို့နယ်တရားရုံးက လက်ခံလိုက်ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ဒေါ်ဝင်းရီက “၃ ရက် နားလိုက်ပါတယ်။ နောက်ပိုင်းကို ကျမတို့ ပြန်တောင်းခဲ့ပါတယ်။ ကျမတို့ အဲဒါကြောင့်မို့လို့ ဒီဆန္ဒဖော်ထုတ်ခြင်းကို လုပ်ရပါတယ်။ ကျောင်းသားတွေဆိုလည်း မထားနိုင်တာ အများကြီးပဲ။ မြေကြီးမှာ ကျမတို့ လုပ်စားဖို့ မရှိတာ အဲ့ဒါလေးပဲ ရှိတာ။ အဲ့ဒါလေးကို သူတို့က သိမ်းသွားတော့ ကျမတို့ ဘယ်လိုမှ လုပ်မစားတတ်ပါဘူး။၂၀၀၃ ခုနှစ်ကပါ” လို့ ပြောပါတယ်။

၂၀၀၃-၂၀၀၄ ခုနှစ်ကတည်းက  နှစ်ဘက်တိုင်းမှူးတွေ ခွဲခြား သတ်မှတ်ပေးခဲ့တဲ့ မြေနုကျွန်းတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ သက္ကယ်ကျွန်း ကျွန်းတောင်သူ ၁၅၀လောက်က ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရဲ့ ခွင့်ပြုမိန့်နဲ့ မြို့နယ်မြေစာရင်းဦးဌာန ရုံးရှေ့နဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့တွေမှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013