DVB Logo
Home
နိုင်ငံတကာ
လက်နက်နှင့် စစ်သုံးပစ္စည်းများအတွက် အစ္စရေးကို အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ ပေးမည်
DVB
·
August 10, 2024
လက်နက်နှင့် စစ်သုံးပစ္စည်းများအတွက် အစ္စရေးကို အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ ပေးမည်
Donate to DVB

အမေရိကန်နိုင်ငံက အစ္စရေးကို အမေရိကန်စစ်လက်နက်နဲ့ စစ်အသုံးဆောင် ပစ္စည်းများသုံးဖို့ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံပေးမှာဖြစ်ကြောင်း သောကြာနေ့က ထုတ်ပြန်ပါတယ်။

ဂါဇာစစ်ပွဲဖြစ်ပွားနေစဉ်အတွင်း အမေရိကန်လွှတ်တော်က ငွေကြေးအသုံးပြုခွင့်ပြုခဲ့ပြီး လအနည်းငယ်အကြာမှာ ငွေပေးအပ်မှာ ဖြစ်ပါတယ်။ 

အမေရိကန်အစိုးရက အစ္စရေးကို စစ်ရေးအသုံးပြုငွေဒေါ်လာ ဘီလီယံချီပေးတဲ့အကြောင်း အစိုးရအဖွဲ့က ကြာသပတေးနေ့ လွှတ်တော်မှာ အစီရင်ခံခဲ့တာ ဖြစ်ပါတယ်။

ဒီငွေပမာဏဟာ အစ္စရေးကို ထောက်ပံ့မှုပြုဖို့ ပြီးခဲ့တဲ့ဧပြီလက လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တဲ့ ဒေါ်လာ ၁၄ ဘီလီယံထဲမှာ ပါံဝင်တယ်လို့လည်း ဆိုပါတယ်။ 

အရှေ့အလယ်ပိုင်းစစ်ပွဲမှာ လူပေါင်း ၁၀၀၀၀ ကျော်သေဆုံးခဲ့ပြီး စစ်ရေးတင်းမာမှုလည်း ပိုပြီး မြင့်မားလာပါတယ်။ 

ဟားမက်စ်ခေါင်းဆောင် ဟာနီယာ အီရန်မှာ လုပ်ကြံခံရမှု၊ ဟစ်ဘိုလာ တပ်မှူးလေကြောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းစစ်ရေးက ပိုပြီး ပြင်းထန်လာ ပါတယ်။ 

၁၀ စုနှစ်ကျော် အစ္စရေး ပါလက်စတိုင်း ပြဿနာဟာ အောက်တိုဘာ ၇ ရက်မှာ ဟားမက်စ်က အစ္စရေးကိုတိုက်ခိုက်မှုကနေစစ်ပွဲ စတင်ခဲ့တာပါ။

ဟားမက်စ်တို့ဟာ အစ္စရေးကို ထိုး စစ်ဆင်ခဲ့ပြီး လူပေါင်း ၁၂၀၀ သတ်ခဲ့ကာ ၂၅၀ကို ဓားစားခံအဖြစ် ဖမ်းဆီးခဲ့မှုက စတင်ခဲ့တာဖြစ်ပါတယ်။ 

အစ္စရေးရဲ့ လက်တုံ့ပြန်မှုကြောင့် ပါလက်စတိုင်း ၄၀၀၀၀ နီးပါး သေဆုံးခဲ့ပြီး ၂ ဒမသ ၃ သန်းရှိတဲ့ ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်နေတယ်လို့ ဟားမက်စ်က စွပ်စွဲထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013