
အမေရိကန်အပြေးမယ် လပ်ရိုနီဟာ မီတာ ၄၀၀ တန်းကျော်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။
လပ်ရိုနီဟာ တိုကျိုအိုလံပစ် မီတာ ၄၀၀ တန်းကျော်ပြိုင်ပွဲ လက်ရှိချန်ပီယံဖြစ်ပြီး ပြီးခဲ့တဲ့ပွဲမှာ ၅၀ ဒသမ ၃၇ စက္ကန့်နဲ့ စံချိန်သစ်ရကာ ရွှေတံဆိပ်ကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
မီတာ ၄၀၀ တန်းကျော်ပြိုင်ပွဲကို အဆင့် ၃ ဆင့် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး လပ်ရိုနီက နောက်ဆုံးဗိုလ်လုပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ လပ်ရိုနီအတွက် ၆ ကြိမ်မြောက် ကမ္ဘာ့စံချိန်ချိုးမှု ဖြစ်လာခဲ့ပါတယ်။ လပ်ရိုနီဟာ ဇွန်လက အမေရိကန်မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာလည်း စံချိန်သစ်ရရှိခဲ့ပြီး အိုလံပစ်ပြိုင်ပွဲမှာ အဲ့ဒီစံချိန်ကို ထပ်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။
ဗိုလ်လုပွဲမှာ ကစားသမား ၈ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လပ်ရိုနီက အမေရိကန်အသင်းက ကစားသမား ၃ ဦးပါဝင်ခဲ့ကာ ရွှေ ၁ ခု ငွေ ၁ ခုရရှိခဲ့ပါတယ်။
Source-Reuters










