DVB Logo
Home
နိုင်ငံတကာ
စစ်ပွဲ၏အကျိုးဆက်ကို ရုရှား ခံစားစေရမည်ဟု ယူကရိန်းသမ္မတ ပြော
DVB
·
August 9, 2024
စစ်ပွဲ၏အကျိုးဆက်ကို ရုရှား ခံစားစေရမည်ဟု ယူကရိန်းသမ္မတ ပြော
Donate to DVB

ရုရှားဟာ ယူကရိန်းအပေါ်  ကျူးကျော်မှုရဲ့  နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားစေရမယ်လို့ သမ္မတ ဗိုလိုဒီမာဇလန်းစကီးက ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဇလန်းစကီးက“ကျွန်ုပ်တို့တိုင်းပြည်ဆီ ရုရှားက စစ်ပွဲကို ဆောင်ကြဉ်းလာခဲ့ပြီး ဘယ်လိုခံစားရလဲဆိုတာ သိစေချင်ပါတယ်၊ ယူကရိန်းစစ်တပ်ဟာ ရုတ်တရတ် အံ့အားသင့်အောင်နဲ့ အောင်မြင်မှုရအောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတာ အားလုံးမြင်နိုင်ပါတယ်” လို့ ပြောပါတယ်။

တချိန်တည်းမှာ ရုရှားနယ်စပ်ဒေသ ကာ့စ်ခ်ကို ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကလည်း ၃ ရက်မြောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင် ၁,၀၀၀ ထက်မနည်းဟာ တင့်ကားတွေ၊ သံချပ်ကာ ယာဉ်တွေနဲ့အတူ ခြံရံကာ ရုရှားပိုင်နက်ထဲကို အင်္ဂါနေ့မနက်ပိုင်းက ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ရုရှားအပေါ် ယူကရိန်းရဲ့ လက်တုံ့ပြန်ကျူးကျော်မှု ၂ ရက်မြောက်နေ့မှာတင် သံချပ်ကာယာဉ်တွေက ကာ့စ်ခ်ဒေသအတွင်းပိုင်း ၆ ဒသမ ၂ မိုင်အထိကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ယူကရိန်းစစ်ပွဲ စတင်ချိန်ကတည်းက ရုရှားမြေပေါ်မှာ အကြီးမားဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးရဲ့ အသေးစိတ်ထုတ်ပြန်မှု နည်းပါးနေတာကြောင့် လက်ရှိ စစ်မြေပြင်က အခြေအနေတွေကို အတိအကျပြောနိုင်ဖို့ ခက်ခဲနေသေးတယ်လို့ ဖော်ပြထားပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ယူကရိန်းတပ်သားတွေကို လေကြောင်းတိုက်ခိုက်မှု အပါအဝင် ဒုံးကျည်တွေ၊ အမြောက်တွေနဲ့ပါ ချေမှုန်းနေကြောင်းနဲ့ အဲဒီဒေသဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီးဖြစ်ကြောင်း အတည်ပြုပါတယ်။

ဒါ့အပြင် ဆူဂျာ အမည်ရ သဘာဝဓာတ်ငွေ့တင်ပို့ရာ နေရာကို ယူကရိန်းစစ်တပ်က ထိန်းချုပ်ထားပြီး ဒါဟာ ဥရောပနိုင်ငံတွေဆီ ရုရှားဓာတ်ငွေ့တင်ပို့ရာမှာ တခုတည်းသော ဝင်ပေါက်ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013