DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခတွင်းသေဆုံးမှုနှင့် အရပ်သားများအတွက် အန္တရာယ်အများဆုံးနိုင်ငံများတွင် မြန်မာပါဝင် 
DVB
·
August 8, 2024
ပဋိပက္ခတွင်းသေဆုံးမှုနှင့် အရပ်သားများအတွက် အန္တရာယ်အများဆုံးနိုင်ငံများတွင် မြန်မာပါဝင် 
Donate to DVB

ပဋိပက္ခတွင်း သေဆုံးမှုနဲ့ အရပ်သားတွေအတွက် အန္တရာယ်အများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ထိပ်ပိုင်းက ဆက်လက်ပါဝင်နေတယ်လို့  ကမ္ဘာတဝန်း လက်နက်ကိုင်ပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့ ACLED အဖွဲ့က ထုတ်ပြန်ပါတယ်။

ACLED အဖွဲ့ဟာ လက်နက်ကိုင်ပဋိပက္ခတည်နေရာနဲ့ ဖြစ်ရပ်တွေအလိုက် ဒေတာ အချက်အလက်စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာသုတေသနပြု ထုတ်ပြန်တဲ့ အစိုးရမဟုတ် သော အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။

အခုနောက်ဆုံး ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကတော့ အခု ၂၀၂၄ ခုနှစ်ရဲ့ ပထမ ၆ လတာ အတွင်း မြန်မာ့ပဋိပက္ခနဲ့ ပြည်တွင်းစစ်အချက်အလက်တွေကနေ ဆန်းစစ်တွက်ထုတ် ထားတာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ကမ္ဘာ့ပဋိပက္ခအညွှန်းကိန်းအဆင့် ၂ နေရာမှာ ရပ် တည်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ မြန်မာက ပဋိပက္ခအညွှန်းကိန်းအဆင့် ၁ မှာရှိခဲ့တာမို့ အဆင့် တဆင့်ကျသွားခဲ့တာဖြစ်ပေမဲ့ ပဋိပက္ခတွင်း သေဆုံးမှု၊ အန္တရာယ်ရှိမှု၊ ပျံ့နှံ့မှုနဲ့ အကွဲကွဲအပြားပြားဖြစ်မှုစတဲ့ အဓိက ညွှန်ကိန်း ၄ ခုစလုံးမှာတော့ ဆက်လက်ပြီးတော့ ထိပ်ဆုံးမှာပဲ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွင်း သေဆုံးမှုအခြေအနေမှာတော့ ကမ္ဘာ့နိုင်ငံတွေထဲ မြန်မာနိုင်ငံက အဆင့် ၃ နေရာမှာရှိနေပြီး အရပ်သားတွေ အန္တရာယ်ရှိမှုအဆင့် ၄၊ ပဋိပက္ခ ပျံ့နှံ့မှုအဆင့် ၉ နဲ့ အကွဲကွဲအပြားပြားဖြစ်အဆင့် ၁ နေရာတွေမှာ အသီးသီး ရှိနေတာလို့ ACLED က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် တနိုင်ငံလုံး လူဦးရေရဲ့ ၂၃ သန်းနီးပါး၊ ၄၃ ရာခိုင်နှုန်းလောက်ဟာ ပဋိပက္ခဒေသ တွေမှာ နေထိုင်နေကြရပြီးတော့ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ပဋိပက္ခနဲ့ တိုက်ပွဲတွေ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် ၂၀၂၄ ခုနှစ်ကုန်၊ လာမယ့် ၆ လအတွင်းမှာတော့ မန္တလေးတိုင်းမှာ ၂၃ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်မှာတော့ ၃ ရာခိုင်နှုန်း ပဋိပက္ခတွေ တိုးလာနိုင်တယ်လို့ ACLED က ခန့် မှန်းထားသလို စစ်ကိုင်းတိုင်းမှာတော့ ၃၇ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၂၆ ရာခိုင်နှုန်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၈ ရာနှုန်းစီ အသီးသီးကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013