DVB Logo
Home
Lead Story
ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ ပြင်ဆင် ဖွဲ့စည်း
DVB
·
September 29, 2014
ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ ပြင်ဆင် ဖွဲ့စည်း
Donate to DVB

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ     ကျေးရွာအုပ်စုနဲ့ ကျေးရွာတွေ တိုးချဲ့ ပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။

DSC02538စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်း ကလေးမြို့နယ် က တောင်အူကျေးရွာ အုပ်စု နဲ့ တောင်အူကျေးရွာ ကို တောင်ဦးကျေးရွာ အုပ်စုနဲ့ တောင် ဦးကျေးရွာအဖြစ် အမည်ပြောင်းလဲခဲ့ပြီး မန္တလေးတိုင်းဒေ သကြီး ပြင်ဦးလွင် ခရိုင်အတွင်းရှိ ပြင်ဦးလွင်မြို့နယ် ဖာသင်းကျေးရွာအုပ်စုနဲ့ ဖာသင်းကျေးရွာကို ရွှေသင်းကျေးရွာအုပ်စုနဲ့ ရွှေသင်းကျေးရွာအဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာအုပ်စု နယ်နိမိတ်ထဲက အောင်မင်္ဂလာ ကျေးရွာကို ရွာသစ်ကေကျေးရွာအုပ်စုထဲ ထည့်သွင်းပြီး တိုးချဲ့ကျေးရွာသစ်အဖြစ် ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏခရိုင်အတွင်းရှိ လယ်ဝေးမြို့နယ်ထဲက ရွှေပြည်သာ ကျေးရွာအုပ်စု ၁ အုပ်စု တိုးချဲ့ခဲ့ပြီး သော်ပျော်ကုန်းကျေးရွာအုပ်စုနဲ့ အေလာကျေးရွာအုပ်စု နှစ်အုပ်စုကိုလည်း ပြင်ဆင် ဖွဲ့စည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013