DVB Logo
Home
သတင်းတို
မြန်မာ့စီးပွားရေးဘဏ် နိုင်ငံခြားငွေလုပ်ငန်းဌာန ရန်ကုန်တွင် ပြန်ဖွင့်
DVB
·
September 29, 2014
မြန်မာ့စီးပွားရေးဘဏ် နိုင်ငံခြားငွေလုပ်ငန်းဌာန ရန်ကုန်တွင် ပြန်ဖွင့်
Donate to DVB

၂၀၀၈ ခုနှစ်က နေပြည်တော် ကို ပြောင်းရွှေ့သွားတဲ့ မြန်မာ့စီးပွားရေး ဘဏ်ရဲ့ နိုင်ငံခြား ငွေလုပ်ငန်းဌာနဟာ ပြောင်းလဲလာတဲ့ စီးပွားရေးအခြေအနေနဲ့ ကိုက်ညီဖို့အတွက် ရန်ကုန်မြို့မှာ ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာ့သတင်းစဉ်က ထုတ်ပြန်ကြေညာပါတယ်။

myanmar economic bank copyဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ ဖွင့်လှစ်ထား တဲ့ မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦမှာ ဖွင့်လှစ်လိုက် တာ ဖြစ်ပြီး ပြည်တွင်း နဲ့ ပြည်ပငွေကြေး ၀န်ဆောင်မှု လုပ်ငန်း တွေ လုပ်ကိုင်ပေးနိုင်တော့ မယ်လို့ ဆိုပါတယ်။

မြန်မာ့စီးပွားရေးဘဏ် နိုင်ငံခြားငွေလုပ်ငန်းဌာနဟာ နိုင်ငံခြားငွေစာရင်းရှင် ဖွင့်လှစ်တာ၊ နိုင်ငံခြားငွေတွေကို ပြည်တွင်းမှာ စာရင်းတခုကနေ တခု လွှဲပြောင်းပေးတာ၊ ပြည်ပကို ငွေလွှဲပို့တာ၊ ပြည်ပက လွှဲလာရင် လက်ခံပေးတာနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ငွေကြေး လွှဲပြောင်းမှုတွေကို ဆောင်ရွက်ပေးနိုင်တယ် လို့ဆိုပါတယ်။

မြန်မာ့စီးပွားရေးဘဏ် နိုင်ငံခြားငွေလုပ်ငန်းဌာနကို ၁၉၉၆ ခုနှစ်က အခု တည်ရှိနေတဲ့ ကုန်သည်လမ်းထောင့်မှာ စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ နေပြည်တော်ကို ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013