DVB Logo
Home
နိုင်ငံတကာ
Move Forward ပါတီကို  ဖျက်သိမ်းရန် တိုင်ကြားချက် ထိုင်း ဖွဲ့စည်းပုံခုံရုံး ဆုံးဖြတ်မည်
DVB
·
August 5, 2024
Move Forward ပါတီကို  ဖျက်သိမ်းရန် တိုင်ကြားချက် ထိုင်း ဖွဲ့စည်းပုံခုံရုံး ဆုံးဖြတ်မည်
Donate to DVB

ထိုင်းလွှတ်တော်မှာ အင်အားအကြီးဆုံးပါတီဖြစ်တဲ့ Move Forward ပါတီကို ဖျက်သိမ်းဖို့ တောင်းဆိုမယ့် တိုင်ကြားချက်နဲ့ ပတ်သက်ပြီး ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက သြဂုတ် ၇ ရက်မှာ ဆုံးဖြတ်မှာပါ။

သြဇာကြီးတဲ့ ဘုရင်စနစ်ကို ဝေဖန်မှုကနေ ကာကွယ်ပေးတဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ Move Forward ပါတီက ကြိုးစားခဲ့လို့ ပါတီကို ဖျက်သိမ်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်က တင်သွင်းတဲ့ တိုင်ကြားချက်ကို လက်ခံဖို့ တရားရုံးက သဘောတူခဲ့ပါတယ်။

ဒီဥပဒေနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လူပေါင်း ၂၆၀ ထက်မနည်း တရားစွဲခံရပါတယ်။

Move Forward ပါတီက ဥပဒေကိုပြင်ဆင်မယ့် အစီအစဉ်ဟာ ဘုရင်ကို နိုင်ငံတော် အကြီးအကဲအဖြစ် ထားတဲ့ အစိုးရစနစ်ကို ဖြုတ်ချဖို့ ကြိုးပမ်းချက်နဲ့ တူနေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးလို့ တူညီတဲ့တရားရုံးက ဇန်နဝါရီလက စီရင်ချက် ချမှတ်ခဲ့ပါတယ်။

Move Forward ပါတီကတော့ စွဲချက်ကို ပယ်ချခဲ့ပါတယ်။ Move Forward ပါတီဟာ မနှစ်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အထိ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အစိုးရဖွဲ့လို့မရအောင် တော်ဝင်စစ်တပ်နဲ့ မဟာမိတ် လွှတ်တော်အမတ်တွေက ပိတ်ပင်တာ ခံခဲ့ရပါတယ်။

လောလောဆယ်မှာ Move Forward ပါတီဟာ အောက်လွှတ်တော်မှာ အမတ်နေရာ ၃၀ ရာခိုင်နှုန်းလောက်ရှိတဲ့ အင်အား အကြီးဆုံးပါတီ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013