DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး ဖြေရှင်းနိုင်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် မျှော်လင့် 
DVB
·
August 5, 2024
မြန်မာ့အရေး ဖြေရှင်းနိုင်ရန် ကမ္ဘောဒီးယားဝန်ကြီးချုပ် မျှော်လင့် 
Donate to DVB

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေတွေကို မဝေးတော့တဲ့ အနာဂတ်မှာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ထုတ်ဖော်ပြောဆိုခဲ့တဲ့အကြောင်း The Phnom Penh Post သတင်းစာမှာ ဖော်ပြပါတယ်။

ဩဂုတ် ၁ ရက်က မြန်မာအာဏာသိမ်း စစ်ကောင်စီခန့်ဝန်ကြီး ဦးကိုကိုလှိုင်ရဲ့ ကမ္ဘောဒီးယား ခရီးစဉ်အတွင်း တွေ့ဆုံချိန်မှာ ခုလိုပြောလိုက်တာဖြစ်ပြီး ဝန်ကြီးချုပ် ဟွန်မာနက်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ နယ်ပယ်များစွာမှာ အလားအလာကောင်းတွေ ရှိနေဆဲဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံကြား ကောင်းမွန်တဲ့ ဆက်ဆံရေးကို တန်ဖိုးထားပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ ဦးဆောင်မှုအောက်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာမယ်လို့ ယုံကြည်ကြောင်း စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်က ပြောဆိုခဲ့တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သူ့ရဲ့ ဆိုရှယ်မီဒီယာ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားတာပါ။

ဖနွမ်းပင်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာနက ကတိကတဦးဖြစ်တဲ့ ထောင်မန် ဒေးဗစ်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ အရေးကြီးပေမဲ့ နိုင်ငံရဲ့ လူမှုစီးပွားအခြေအနေ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးတို့ကို အာရုံစိုက်ဖို့ လိုအပ်နေတဲ့အကြောင်း အကြံပြုထားပါတယ်။

“ကမ္ဘောဒီးယားက မြန်မာနိုင်ငံကို လူသားချင်းစာနာမှုနဲ့ စီးပွားရေးအကူအညီတွေ ပေးအပ်ရာမှာ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ တခြားအာဆီယံအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဖို့ အဆင်သင့် ရှိနေပါတယ်။ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးက အာဆီယံ အသိုက်အဝန်းကို တည်ဆောက်ရာမှာ အခြေခံအကျဆုံးဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပါတယ်။ ဒါကြောင့် မြန်မာ့ပြဿနာကို ဖြေရှင်းဖို့ ကမ္ဘောဒီးယားက ဦးစားပေး လုပ်ဆောင်ရမယ့်အရာပါ။”

“ကမ္ဘောဒီးယားက ငြိမ်းချမ်းရေးတည်ဆောက်မှုကို ထောက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါ့အပြင် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ စီးပွားရေးအကူအညီတွေ ပေးအပ်ရာမှာ တခြားအာဆီယံအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဖို့ အဆင်သင့်ရှိနေပါတယ်။ အာဆီယံ အသိုက်အဝန်းကို တည်ဆောက်ရာမှာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ အခြေခံကျပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပါတယ်။ ဒါကြောင့် မြန်မာ့ပြဿနာကို ဖြေရှင်းဖို့ ကမ္ဘောဒီးယားက ဦးစားပေး လုပ်ဆောင်ရမယ့်အရာ ဖြစ်ပါတယ်။”

ဝန်ကြီး ဦးကိုကိုလှိုင်ဟာ ဒီခရီးစဥ်အတွင်း ဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ ဖခင်ဖြစ်တဲ့ ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့လည်း တွေ့ဆုံခဲ့ပြီး ဟွန်ဆန်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကမ္ဘောဒီးယားရဲ့ ကတိကဝတ်တွေကို ထပ်မံအတည်ပြု ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာ့ပဋိပက္ခမှာ မဟာဗျူဟာ၊ နိုင်ငံရေး ဒါမှမဟုတ် အကျိုးစီးပွားအတွက် မဟုတ်ကြောင်းနဲ့ သူတို့ရဲ့ တခုတည်းသော ရည်ရွယ်ချက်က လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အကျိုးဆက်တွေကို မြန်မာပြည်သူတွေ ခံစားနေရခြင်းက ကင်းဝေးတာကို မြင်တွေ့လိုခြင်းသာ ဖြစ်တယ်လို့လည်း ပြောလိုက်တာပါ။

ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံကို နှစ် ၄၀ နီးပါး အုပ်ချုပ်ခဲ့ပြီးနောက်မှာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံဖို့ သားဖြစ်သူ ဟွန်မာနက်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ အာဏာလွှဲအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်ကြီးစိုးတဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်တာ နှစ် ၇၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။

Source: The Phnom Penh Post  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013