
တရုတ်သိပ္ပံအကယ်ဒမီအောက်က ယူနန်နက္ခတ်တာရာနဲ့ မိုးလေဝသစောင့်ကြည့်ရေးဌာနက စူးစူးရှရှ တောက်ပပေါက်ကွဲနေတဲ့ ကြယ်တလုံးရဲ့ ပေါက်ကွဲချိန် ထွက်လာတဲ့ လှိုင်းတွေရဲ့ အထူးအခိုက်အတန့်ကို ကြယ်ကို လှည့်ပတ်နေတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ ဓာတ်ငွေ့တွေ ဖုံတွေ သိပ်သည်းနေတဲ့ကြားက ဖမ်းယူနိုင်ခဲ့ပါတယ်။
ဒီသုတေသနဟာ နှောင်းပိုင်းကြယ်စင်ဆင့်ကဲဖြစ်စဉ်နဲ့ ကြယ်တွေ သေဆုံးခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ သဲလွန်စတွေကို ပေးပါတယ်။
ယူနန်နက္ခတ်တာရာနဲ့ မိုးလေဝသ စောင့်ကြည့်ရေးဌာနက သုတေသီ ကျန်းကျူးကျားက “ဒီတွေ့ရှိချက်ကို ရူပဓာတု နက္ခတ္တဗေဒပညာရပ်ဆိုင်ရာ ဂျာနယ်ရဲ့ စာတမ်းမှာ ထုတ်ဝေခဲ့ပါတယ်။ ဒါက ကျနော်တို့ ဆူပါနိုဗာ ကြယ်ကနေ ရိုက်ယူထားတဲ့ ပုံပါ။ နဂါးငွေ့တန်းထဲမှာရှိပြီး ကြယ်တလုံးလိုပါပဲ"လို့ ပြောပါတယ်။
SN 2024ggi လို့ နာမည်ပေးထားတဲ့ ဒီကြယ်ဟာ ကမ္ဘာမြေကနေ အလင်းနှစ် သန်း ၂၀ အကွာမှာ ရှိပါတယ်။
စူပါနိုဗာ ပေါက်ကွဲမှုဟာ ကြယ်တစင်းရဲ့ ဘဝစက်ဝန်းအဆုံးမှာ ဖြစ်လေ့ရှိတဲ့ အလွန်ပြင်းထန်တဲ့ ကောင်းကင်ဖြစ်ရပ်တခုပါ။
စူပါနိုဗာ ပေါက်ကွဲမှုတွေဟာ စွမ်းအင်တွေ အများကြီးကို ထုတ်လွှတ်လို့ နဂါးငွေ့တန်းတခုလုံးကို အချိန်တိုအတွင်း တောက်ပသွားစေနိုင်ပါတယ်။
တုန်လှုပ်ကွဲထွက်သွားတဲ့ ဖြစ်စဉ်ဟာ စူပါနိုဗာ ပေါက်ကွဲမှုအပြီး အစောဆုံးလျှပ်စစ်သံလိုက် ဓာတ်ရောင်ခြည်ဆိုင်ရာ ဖြစ်ရပ်ဖြစ်ပြီး၊ ကြယ်တစ်စင်း သေဆုံးမှုအတွင်း လွန်ကဲတဲ့ ရူပဗေဒ ဖြစ်စဉ်ကိုဖော်ပြနိုင်ပါတယ်။
သုတေသနအဖွဲ့ဟာ ယူနန်နက္ခတ်ဌာနရဲ့ ၂ ဒသမ ၄ မီတာရှိသော လီကျန်း အဝေးကြည့်မှန်ပြောင်း၊ အီတလီနိုင်ငံက နာရှင်နယ် ဂယ်လီလီယို အဝေးကြည့်မှန်ပြောင်းနဲ့ ဥရောပတောင်ပိုင်း နက္ခတ်တာရာ အဝေးကြည့်မှန်ပြောင်းတို့လို အဆင့်မြင့်နက္ခတ္တဗေဒ ဆိုင်ရာကိရိယာတွေကို အသုံးပြုခဲ့ပြီး ကနဦးနာရီပေါင်း များစွာ ကြာအောင် ကြယ်ပေါက်ကွဲမှု စူပါနိုဗာကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါတယ်။
Source-Reuters