
ဗီယက်နမ်သမ္မတ တူလမ်ဟာ ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲဖြစ်လာပါတယ်။ ပါတီအကြီးအကဲ နုယင်ဖူချောင် လွန်ခဲ့တဲ့ ၂ ပတ်က ကွယ်လွန်သွားလို့ သူ့ရဲ့နေရာမှာ တူလမ်ကို အစားထိုးခဲ့တာပါ။
အသက် ၆၇ နှစ်အရွယ်ရှိ တူလမ်ဟာ ဇူလိုင် ၁၈ ရက်ကတည်းက ပါတီဥက္ကဌရာထူးကို ယာယီတာဝန်ယူခဲ့သူဖြစ်ဖြစ်ပြီး နောက်ရက်မှာပဲ နုယင်ဖူချောင် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
ပါတီကိုယ်စားလှယ်တွေအားလုံးက တူလမ်ကို ပါတီအကြီးအကဲအဖြစ် တာဝန်ယူဖို့ တညီတညွတ် တည်း ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ကြေညာပါတယ်။
ကုန်ထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတဲ့ ဗီယက်နမ်နိုင်ငံဟာ နိုင်ငံရေးတည်ငြိမ်ဖို့အတွက် ပူပေါင်းဆောင်ရွက်မှုကို ကာလရှည်ပြုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ လအနည်းငယ်ကစပြီး လက်စားမှုတိုက်ဖျက်ရေးကြောင့် နိုင်ငံရေးလှုပ်ခတ်မှုတွေ ရှိပါတယ်။
ဗီယက်နမ်နိုင်ငံမှာ အဓိက ခေါင်းဆောင်မရှိပေမဲ့ ပါတီအကြီးအကဲက အရေးပါတဲ့ ကိစ္စတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။
ပါတီဥက္ကဌချောင်ဟာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၃ နှစ်အတွင်း ပါတီဥက္ကဌရဲ့ အရေး ပါမှုတွေကို တိုးမြှင့်ခဲ့လို့ ပါတီဥက္ကဌရာထူးက ဗီယက်နမ်နိုင်ငံမှာ အရေးကြီးတဲ့ နေရာမှာရှိနေပါတယ်။
တူလမ်ဟာ ရဲအရာရှိဘဝကနေ ကာလရှည်ကြိုးစားမှုနဲ့ ၂၀၂၄ မေ ၂၂ ရက်မှာ ဗီယက်နမ် နိုင်ငံရဲ့ ၁၃ ဦး မြောက် သမ္မတဖြစ်လာခဲ့သူဖြစ်ပါခဲ့ပြီး ပါတီရဲ့ ထိပ်ဆုံးတာဝန်ကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။
Source-Reuters











