DVB Logo
Home
မြန်မာသတင်း
လယ်မြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ဖော်ပြချက်အချို့ မှားယွင်းနေဟုဆို
DVB
·
September 29, 2014
လယ်မြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ဖော်ပြချက်အချို့ မှားယွင်းနေဟုဆို
Donate to DVB

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းခဲ့တဲ့ လယ်ယာမြေ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာက ဖော်ပြချက်တချို့ မှားယွင်းနေတယ်လို့ ပဲခူးတိုင်း၊ နတ္တလင်းမြို့က လယ်သမားတွေက စွပ်စွဲလိုက်ပါတယ်။

paddyလယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရ မှုကြောင့် ပြည်သူတွေ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာအပိုင်း ၃ က အပိုဒ် ၃၄ က အကြောင်းအရာတွေ မှားယွင်းနေတယ်လို့ နတ္တလင်းမြို့နယ်က လယ်သမား ၁၀၀ ကျော်က စွပ်စွဲလိုက်တာပါ။

၁၉၉၂ ခုနှစ်က ဒမငယ် သစ်ချိုခြံမှာ မြေရိုင်းတွေဖော်ထုတ်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက ဧက ၁ ထောင်ပေးမယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ ဧက ၅၅၀ ပဲ ရခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

“ကျနော်တို့ရှင်းခဲ့တာက ဧက ၁၅၀၀ ပါ။ ဒါပေမယ့် ၁ ထောင်ပဲ ယူပါဆိုလို့ ကျေနပ် သဘောတူခဲ့တယ်။ တကယ်ပေးတဲ့အချိန်ကျတော့ ဧက ၅၅၀ ပဲရတော့တယ်။ အဲဒီအချိန်က စစ်တပ်က အုပ်ချုပ်နေတော့ ဘာမှ ပြောခွင့်မရခဲ့ဘူး” လို့ လယ်သမား ဦးမြင့်နိုင်က ပြောပါတယ်။

လယ်ယာမြေစုံစမ်းရေးကော်မရှင် ဖွဲ့ပြီးလို့ တိုင်ကြားခဲ့တဲ့နောက် လာရောက်စစ်ဆေးတဲ့ အခါမှာလည်း တိုင်ကြားတဲ့ လယ်သမားတွေကို မစစ်ဆေးပဲ ခရိုင်၊ မြို့နယ်က မြေစာရင်း၊ စိုက်ပျိုးရေးဌာနက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အမှန်တရားကို ဖုံးကွယ်ခဲ့တယ်လို့ လယ်သမားတွေက ဒု သမ္မတ ဦးဉာဏ်ထွန်းဆီကို ပေးပို့တဲ့စာမှာလည်း စွပ်စွဲတင်ပြထားပါတယ်။

သူတို့ကို မပေးခဲ့တဲ့ မြေဧက ၄၅၀ ကို ခမရ ၄ နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ အပါအ၀င် ဌာနဆိုင်ရာတွေက သိမ်းယူခဲ့ပြီး အခု ဧက ၁၆၀ ကို ပြန်စွန့်လွှတ်တဲ့အခါမှာလည်း သီးစားတောင်သူတွေကိုပဲ ပေးခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဖြေရှင်း ဆောင်ရွက်မှု အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ စက်တင်ဘာ ၂၅ ရက်နေ့က အတည်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013