DVB Logo
Home
မြန်မာသတင်း
၃ နှစ်ခွဲအတွင်း ကရင်နီတွင် တိုက်ပွဲအကြိမ် ၁၂၀၀ ခန့်ဖြစ်၊ အရပ်သားသေဆုံးသူ ၅၀၀ ကျော်ရှိ
DVB
·
August 2, 2024
၃ နှစ်ခွဲအတွင်း ကရင်နီတွင် တိုက်ပွဲအကြိမ် ၁၂၀၀ ခန့်ဖြစ်၊ အရပ်သားသေဆုံးသူ ၅၀၀ ကျော်ရှိ
Donate to DVB

စစ်အာဏာသိမ်း ၃ နှစ်ခွဲကာလအတွင်း ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲအကြိမ်ရေ ၁၂၀၀ နီးပါး ရှိခဲ့ပြီး သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၅၁၄ ဦးထိ ရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်အထိ ကရင်နီပြည်နယ်ထဲမှာ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အ ရေးအချိုးဖောက်ခံရတာတွေနဲ့ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်ထားတာဖြစ်ပြီး  စစ် ရှောင်သေဆုံးသူ ၁၅၃ ဦး၊ KNDF/PDF/KA ကျဆုံးသူ ၆၀၈ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှု ၁,၆၅၅ ကြိမ်ထိ ရှိခဲ့ပြီး  ထိခိုက်ပျက်စီးတဲ့ ဘာသာရေး အဆောက်အုံ  ၅၂ ခုု၊ နေအိမ် ၂,၆၈၂ လုံး၊ ဆေးရုံဆေးခန်း ၁၆ ခု၊ စာသင်ကျောင်း ၂၅ ခု ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က ၃,၄၅၅ ဦးသေဆုံးခဲ့သလို  စစ်ကောင်စီယာဥ်တန်းပျက်စီးမှု ၆၈ စီး၊ တိုက်လေယာဥ်ပျက်စီးမှု ၃ စီးရှိခဲ့သလို မတရား ဖမ်းဆီးခံရသူ ၁၆၂ ဦးထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက် စစ်အုပ်စုက စစ်အာဏာသိမ်းထားတဲ့ ကာလဟာ ၃ နှစ်ခွဲအထိ ကြာမြင့်လာခဲ့ပြီ ဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေသလို နိုင်ငံတဝန်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက် နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်မှာပဲ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး ရွေးကောက်ပွဲနဲ့ နိုင်ငံတဝန်း တည်ငြိမ်မှုလိုအပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်သက်တမ်း ၆ လထပ်တိုးခဲ့တာပါ။

စစ်အာဏာသိမ်းပြီးကတည်းက ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၂၅ ကိုသုံးပြီး ဖွဲ့စည်းပုံ အခြေဥပဒေနဲ့အညီ သက်တမ်းတိုးလာတာ အခုတကြိမ်နဲ့ဆို ၆ ကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013