
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နိုင်ငံရဲ့ အမျိုးသမီးဘောလုံးအသင်း ချန်ပီယံတွေ ကို ပြုံယမ်းမြို့တော်မှာ နှုတ်ဆက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဇွန် ၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။
Naegohyang အမျိုးသမီး FC နဲ့ အမျိုးသား U-17 အမျိုးသမီး FC က ကစားသမားတွေက နိုင်ငံတော်ခေါင်းဆောင်နဲ့ တွေ့ဆုံချိန်မှာ ဝမ်းသာအားရ ငိုကြွေးနေကြတဲ့ပုံကို နိုင်ငံပိုင်ရုပ်မြင်သံကြား KRT က ထုတ်လွှင့်ပါတယ်။
နောက်ပိုင်းမှာ ကင်မ်ဂျုံအန်းနဲ့ အရာရှိတွေက အသင်းနှစ်သင်းကြား ချစ်ကြည်ရေးပွဲစဉ် ကြည့်ရှုခဲ့ ကြတာကို KRT ရုပ်သံက ပြသခဲ့ပါတယ်။
Naegohyang အမျိုးသမီး FC ဟာ မေလတုန်းက တောင်ကိုရီးယားနိုင်ငံဆီ လာရောက် လည်ပတ် ခဲ့ပြီး တိုကျို ဗာဒီ ဘေလေဇာ အသင်းကို အနိုင်ယူရင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) အမျိုးသမီး ချန်ပီယံလိဂ် ဆုဖလားကို ရခဲ့ပါတယ်။
ဒီအသင်းဟာ ၈ နှစ်အတွင်း တောင်ကိုရီးယားဆီ လာလည်တဲ့ ပထမဆုံး မြောက်ကိုရီးယား အားကစားသမားတွေ ဖြစ်ပါတယ်။
ဒီအောင်ပွဲကြောင့် နောက်နှစ် FIFA အမျိုးသမီးချန်ပီယံဖလားအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထား ပါတယ်။
မြောက်ကိုရီးယားရဲ့ U17 အမျိုးသမီး ဘောလုံးအသင်းဟာ မေလမှာ AFC U17 အမျိုးသမီး အာရှဖလားကိုလည်း ရရှိခဲ့ပါတယ်။
Source: Reuters










