DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်တွင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၈၀ ကျော် အလင်းဝင်
DVB
·
August 1, 2024
ကန်ပက်လက်တွင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်း ၈၀ ကျော် အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၈၀ ကျော် အလင်းဝင်ရောက်လာပြီးဖြစ်တယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ဇူလိုင်လတည်းက သတ်မှတ်ကာလအထိ ကန်ပက်လက်မြို့နယ်က စစ်တပ်လက်အောက်မှာ အလုပ်လုပ်နေတဲ့ Non CDM ဝန်ထမ်း စုစုပေါင်း ၈၈ ဦး အလင်းဝင်ရောက်လာခဲ့ပြီး ဖြစ်ပါတယ်” လို့ DVB ကို အတည်ပြု ပြောပါတယ်။

အလင်းဝင်ရောက်လာသူ အားလုံးကို လုံခြုံစွာထားပေးထားပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင် တခြားနေထိုင်စားသောက်ရေးတွေကအစ စီစဥ်ဆောင်ရွက်ပေးထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၉ ရက်ကနေ ရက်ပေါင်း ၆၀ အတွင်း စစ်ကောင်စီလက်အောက်ခံ Non CDM ၀န်ထမ်းတွေအနေနဲ့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကို အလင်းဝင်ရောက်ကြဖို့ သတိပေးထားတာဖြစ်ပြီး အခု အလင်းဝင်ရောက်လာကြတဲ့ ဝန်ထမ်းတွေဟာ ပညာရေး၊ လျှပ်စစ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ ကျန်းမာရေး၊ လူမှုဝန်ထမ်းရုံး၊ နတ်မတောင်အမျိုးသားဥယျာဉ်နဲ့ စာရင်းစစ်ရုံးတွေက ဝန်ထမ်းတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “သတ်မှတ်ကာလ ကျော်လွန်သွားပြီဖြစ်လို့ ကျနော်တို့ဘက်က လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဆောင်တော့မှာဖြစ်လို့ ကန်ပက်လက်မြို့နယ်အတွင်းက ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်းတွေ အနေနဲ့လည်း အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့ ဖိတ်ခေါ်လိုပါတယ်” လို့ ပြောပါတယ်။

ICNCC နဲ့ NUG က ချမှတ်ထားတဲ့ မူဝါဒကို ကိုးကားပြီး မြို့နယ်အဆင့် မူဝါဒတွေ ရေးဆွဲကာ အလင်းဝင်ရောက်ခြင်းမရှိတဲ့ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းတွေကို အရေးယူတဲ့ လုပ်ငန်းစဥ်တွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013