DVB Logo
Home
နိုင်ငံတကာ
အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရန် ကြိုးစားနေဆဲဟု အမေရိကန်ပြော
DVB
·
August 1, 2024
အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရန် ကြိုးစားနေဆဲဟု အမေရိကန်ပြော
Donate to DVB

ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ့ လုပ်ကြံခံရပြီးနောက် ပဋိပက္ခတွေ တိုးလာမှာကို ရှောင်လို့မရဘူးလို့ မရှုမြင်ကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော်က ဇူလိုင် ၃၁ ရက်မှာ ပြောပါတယ်။

အမေရိကန်ဟာ ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရဖို့ ဆောင်ရွက်နေတုန်းပဲလို့လည်း အိမ်ဖြူတော်က ပြောပါတယ်။

အရှေ့အလယ်ပိုင်းက နောက်ဆုံးဖြစ်ရပ်တွေဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အတွက် အလားအလာကို ထိခိုက်နိုင်မလားဆိုတာ ပြောဖို့ စောလွန်းတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကာဘီက နေ့စဥ်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ဒေသတွင်း ဖြစ်ရပ်အသစ်တွေအကြောင်း အကျဉ်းချုံးပြီး ပြောထားတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ့ဟာ များသောအားဖြင့် ကာတာနိုင်ငံမှာ အခြေစိုက် နေထိုင်သူဖြစ်ပြီး အီရန်သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ဖို့ အီရန်ကို ရောက်နေတာပါ။

အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီနဲ့ တွေ့အပြီး နာရီပိုင်းအကြာ အီရန်က သူ့အိမ်မှာ ဒုံးကျည် တိုက်ရိုက်ထိမှန် သေဆုံးခဲ့တယ်လို့ ဟာနီယာ့နဲ့အတူ အီရန်မှာ ရှိနေတဲ့ မျက်မြက်သက်သေတွေကို ကိုးကားပြီး ဟားမတ်စ် ဒုခေါင်းဆောင် ခါလစ်အယ်လ် ဟေယာက ဇူလိုင် ၃၁ ရက်မှာ ပြောပါတယ်။

ဒုံးကျည်ထိမှန်လို့ သူ့အခန်းနံရံတွေ၊ တံခါးတွေ၊ ပြတင်းပေါက်တွေ ပျက်စီးကုန်တယ်လို့လည်း ဟေယာက တီရန်မြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘတ်စ်ကလည်း ဒီလုပ်ကြံမှုကို အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

တူရကီနိုင်ငံက လက်ရှိအာဏာရ အေကေပါတီ ပြောခွင့်ရကလည်း ဟာနီယာ့ကို လုပ်ကြံမှုဟာ အစ္စရေးရဲ့ ဒေသတွင်းစစ်ပွဲကို စဖို့ ဆန္ဒကို ဖော်ပြနေတယ်လို့ ဇူလိုင် ၃၁ ရက်မှာ ပြောပါတယ်။

အေကေပါတီခေါင်းဆောင် တူရကီသမ္မတ တာယစ် အာဒိုဂန် ကလည်း ဒီလုပ်ကြံမှုဟာ ပါလက်စတိုင်းတွေရဲ့ ဆန္ဒကို မချိုးဖျက်နိုင်ဘူးလို့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။

ဒီလုပ်ကြံမှုဟာ အစ္စရေးအပေါ် လက်စားချေမယ့် ခြိမ်းခြောက်မှုတွေကို ဆွဲဆောင်ခဲ့ပြီး ဂါဇာ ပဋိပက္ခကနေ ပိုကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲအဖြစ် ပြောင်းသွားမှာကို ပိုစိုးရိမ်နေကြပါတယ်။

ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာလည်း ဇူလိုင် ၃၁ ရက်က လူရာချီ စုဝေးခဲ့ပြီး ဟာနီယာ့အတွက် မျက်ကွယ်ဈာပနပွဲကို ကျင်းပဖို့ စုရုံးခဲ့ကြပါတယ်။

ဆုတောင်းပွဲတွေကို ပါကစ္စတန်ရဲ့ ရာဝယ်လ်ပင်ဒီနဲ့ ပက်ရှဝါ မြို့တွေလို တခြားမြို့တွေမှာပါ နောက်ပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားခဲ့ကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013