DVB Logo
Home
မြန်မာသတင်း
ပစ်သတ်ခံရသည့် ဂျပန်သတင်းထောက်အမှု ဖော်ထုတ်ပေးရန် ညီမဖြစ်သူ တောင်းဆို
DVB
·
September 29, 2014
ပစ်သတ်ခံရသည့် ဂျပန်သတင်းထောက်အမှု ဖော်ထုတ်ပေးရန် ညီမဖြစ်သူ တောင်းဆို
1 / 2
Donate to DVB

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပစ်သတ်ခံခဲ့ရတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက် နဂအိ ခန်းဂျီစံအတွက် အမှုမှန် ဖော်ထုတ်ပေးဖို့ ညီမဖြစ်သူ နိုရီကို အိုဂ၀စံက စက်တင်လာ ၂၇ ရက်က ပြုလုပ်တဲ့ ရွှေဝါရောင်  ၇ နှစ်မြောက် အောက်မေ့ဖွယ်ဆုတောင်းပွဲမှာ တောင်းဆိုခဲ့ ပါတယ်။

deadphotoဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက တဆင့် တောင်းဆိုနေတာ ၇ နှစ်ရှိ ပြီဖြစ်ပြီး ဂျပန်အစိုးရ တာဝန်ရှိသူတွေကလည်း အမှုမှန်ဖော် ထုတ်ပေး ဖို့ မြန်မာအစိုးရကို အမြဲတောင်း ဆိုနေပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြောင်းလဲမှုတွေ ရှိလာနေပါပြီဆိုတဲ့ အကြောင်းပြန်ချက်ကို စိတ်ပျက်လာပြီလို့ သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာစစ်ပွဲတွေကို လိုက်လံသတင်းယူတဲ့ အတွေ့အကြုံရှိသူ ဂျပန်အခြေစိုက် အေပီအက်ဖ်သတင်းထောက် နဂအိခန်းဂျီစံ ၅၀ နှစ် ဟာ ၂၀၀ရ  စက်တာဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းယူရင်း မြန်မာလုံခြုံရေးစစ်သားတွေရဲ့ အနီးကပ် ပစ်သတ်ခံခဲ့ရတာပါ။

unnamedသတင်းရိုက်ယူနေစဉ် ကိုင်ထားတဲ့ တိတ်ခွေ အပါအ၀င် ကင်မရာကို ဂျပန်အစိုးရကတဆင့် မိသားစုနဲ့ အေပီ အက်ဖ်သတင်းဌာနက အစဉ်တဆက်တောင်း ဆိုနေခဲ့တာ လည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန က မြန်မာ အစိုးရကို တွေ့ဆုံတိုင်း ကင်မရာပြန်ပေးရေးနဲ့ အမှု မှန်ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ဂျပန်နိုင်ငံခြာရေးဝန်ကြီးဌာန အင်တာနက်သတင်း စာမျက်နာမှာ အမြဲဖော်ပြလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013