
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ဇူလိုင် ၂၉ ရက်မှာ တရားဝင်တွေ့ဆုံပွဲတွေ မကျင်းပမီ နိုင်ငံရဲ့ မြို့တော်သစ် နူဆန်တာရာက လင်းယုန်ပုံသဏ္ဌာန် ဆောက်လုပ်ထားတဲ့ နန်းတော်မှာ ပထမဆုံး ညအိပ်နေထိုင်ခဲ့ပါတယ်။
လူသိများတဲ့ သမ္မတ ဂျိုကိုဝီဟာ အောက်တိုဘာလမှာ ရာထူးကနေ အနားမယူခင် ဆောက်လုပ်ရေးနှောင့်နှေးမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းပါးမှု၊ စီမံခန့်ခွဲမှုနဲ့ မြေယာပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမဲဲ့ နူစန်တာရာမြို့တော်ရဲ့ အစိတ်အပိုင်း အများအပြားကို အပြီးသတ်အောင် အလျင်စလို ဆောက်လုပ်နေခဲ့တာပါ။
“ဒါက ၁၅ နှစ်ကနေ အနှစ် ၂၀ အထိ အချိန်သတ်မှတ်ထားတဲ့ ကြီးမားတဲ့ စီမံကိန်းတရပ်ပါ” လို့ ဂျိုကိုဝီက တနင်္လာနေ့က ပန်းပု ရုပ်တုသစ်ရှိရာ ဂါရူဒါနန်းတော် အပြင်ဘက်မှာ ပြောပါတယ်။
ဇူလိုင် ၂၈ ရက်မှာ သမ္မတဟာ အနက်ရောင် ခရီးသွားဂျာကင်အင်္ကျီကို ဝတ်ဆင်ပြီး အစိုးရအရာရှိတွေ သြဇာရှိသူတွေ အများအပြားနဲ့အတူ မြို့တော်တွင်း လမ်းသစ်တွေပေါ်မှာ မော်တော်ဆိုင်ကယ် ပတ်မောင်းခဲ့ပါတယ်။
မကြာသေးမီလတွေအတွင်း ဂျိုကိုဝီဟာ ကျောင်းတွေ၊ ရုံးခန်းတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိတွေကို အရင်ထက် ပိုသာအောင် ခြေလှမ်းစတင် ဆောင်ရွက်ခဲ့ပါတယ်။
ဒါပေမဲ့ နှစ်အတော်ကြာ ယာဉ်ကြောကျပ်တည်းမှု၊ ရေနစ်မြုပ်မှုတွေနဲ့အတူ လူဦးရေ များလွန်းတဲ့ ဂျကာတာမြို့အတွက် ဝန်ထုပ်ဝန်ပိုးကို သက်သာစေဖို့ ရည်ရွယ် လက်မှတ်ရေးထိုးထားတဲ့ မြို့တော်စီမံကိန်းကို ကြေညာပြီးတဲ့နောက် နှစ်တော်တော်ကြာတဲ့အထိ နိုင်ငံခြားရန်ပုံငွေ လုံးဝမရခဲ့ပါဘူး။
Source-Reuters