DVB Logo
Home
နိုင်ငံတကာ
ဂါဇာ စာသင်ကျောင်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်လို့ လူ  ၃၀ ထက် မနည်း သေဆုံး
DVB
·
July 29, 2024
ဂါဇာ စာသင်ကျောင်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်လို့ လူ  ၃၀ ထက် မနည်း သေဆုံး
Donate to DVB

ဂါဇာကမ်းမြောင်ဒေသရှိ စာသင်ကျောင်းတကျောင်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်လို့ ပါလက်စတိုင်း အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။

ကျောင်းဝင်းတခုကိုသုံးနေတဲ့ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အစ္စရေးက ပြောပါတယ်။

ဟားမတ်စ်တွေ ဦးစီးတဲ့ အစိုးရ မီဒီယာရုံးက ဒီယာအယ်လ်ဘာလာမြို့မှာ ဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေထဲမှာ ကလေး ၁၅ ဦးနဲ့ အမျိုးသမီး ၈ ဦး ပါပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မီဒီယာရုံးနဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီနေရာကို စီမံခန့်ခွဲနေတဲ့ စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး အရပ်သားတွေအတွက် အန္တရာယ်ကို လျှော့ချဆောင်ရွက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာဆီ လူတွေပြန်လာပြီး သူတို့ ပစ္စည်းတွေကို စစ်ဆေးနေပုံကို ရိုက်တာ သတင်းဌာနက ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်ထံမှာ ပြသခဲ့ပါတယ်။

နံရံတွေ ပေါက်ကွဲပြီး ကျောင်းဝင်းအတွင်း အပျက်အစီးတွေ ပြန့်ကျဲနေတာကိုလည်း တွေ့ရပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ ထိုးစစ်ကြောင့် ပါလက်စတိုင်း ၃၉၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ တိုက်ခိုက်ရေးသမားတွေနဲ့ တိုက်ပွဲဝင်မဟုတ်သူတွေကြား မခွဲခြားဘဲ ပြောခဲ့တာပါ။

ဂါဇာပဋိပက္ခ အစပြုတဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး အယောက် ၁၂၀၀ လောက် သေဆုံးပြီး အယောက် ၂၅၀ လောက် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ အစ္စရေး စာရင်းဇယားတွေက ဆိုထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013