DVB Logo
Home
နိုင်ငံတကာ
အာဆီယံအစည်းအဝေးတွင် အမေရိကန်က တရုတ်ကို ဝေဖန်
DVB
·
July 28, 2024
အာဆီယံအစည်းအဝေးတွင် အမေရိကန်က တရုတ်ကို ဝေဖန်
Donate to DVB

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကန်ဟာ ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်မှု၊ မြောက်ကိုရီးယားဆီက နျူကလီးယား ခြိမ်းခြောက်မှုနဲ့ တောင်တရုတ်ပင်လယ်မှာ ပေကျင်းရဲ့ တင်းမာပြင်းထန်တဲ့ ဥပဒေမဲ့လုပ်ရပ်တွေ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ကူညီဖြေရှင်းပေးဖို့ အရှေ့တောင်အာရှနိုင်ငံတွေကို ဇူလိုင် ၂၇ ရက်က တိုက်တွန်းလိုက်ပါတယ်။ 

ဘလင်ကန်ဟာ  လာအိုနိုင်ငံမှာကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ စကားပြောဆိုခဲ့ပြီး လူပေါင်း ၁ ဘီလီယံလောက်ရဲ့ ဘဝတိုးတက်ရေးအတွက် သူတို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအားလုံးကို ဆွေးနွေးဖို့ မျှော်လင့်နေကြောင်း၊ အတည်ပြုချက် အစီအစဉ်တွေကိုလည်း မှတ်တမ်းယူထားတာကြောင့် မျှဝေထားတဲ့ အမြင်သဘောထားတွေအတွက် စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့လည်း အတူတကွ လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြောသွားပါတယ်။ 

ယူကရိန်းကို ရုရှားရဲ့ တရားမဝင် ကျူးကျော်မှု၊ မြောက်ကိုရီးယားရဲ့ နျူလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေ၊ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ကြေကွဲစရာ အကျပ်အတည်းနဲ့ ပြီးခဲ့တဲ့လပိုင်းအတွင်း ဖိလစ်ပိုင်နိုင်ငံအပေါ် တရုတ်ရဲ့ ပြင်းထန်တဲ့ ဥပဒေမဲ့ အရေးယူဆောင်ရွက်မှုတွေကို ဖြေရှင်းရမှာဖြစ်တယ် လို့ ဆိုပါတယ်။

အစည်းအဝေးအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန်တို မာဆူဒီကလည်း အာဆီယံ-အမေရိကန် ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေချိန်မှာ ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အထောက်အကူပြုသင့်ပြီး နိုင်ငံတကာဥပဒေတွေကို တသမတ်တည်းဖြစ်အောင် အုပ်ထိန်းတဲ့သူတွေ ဖြစ်သင့်တယ်လို့ ပြောပါတယ်။ 

ဒါ့အပြင်  အခုချိန်ထိ လူ ၄၀၀၀၀ လောက် သေဆုံးခဲ့ရတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဆိုးရွားလှတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို မျက်စိမှိတ်ထားလို့မရကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးကို လိုအပ်နေကြောင်းအပြင် ဒီလူသားတွေရဲ့ ဒုက္ခတွေကို ရပ်တန့်ဖို့ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို အရေးတကြီး လိုအပ်နေကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013