DVB Logo
Home
နိုင်ငံတကာ
ရုရှား ဒုကာကွယ်ရေးဝန်ကြီးဟောင်းကို အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီးထား
DVB
·
July 28, 2024
ရုရှား ဒုကာကွယ်ရေးဝန်ကြီးဟောင်းကို အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းဆီးထား
Donate to DVB

ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးဟောင်း ဒီမစ်ထရီ ဘူလ်ဂါကို့ဗ်ကို အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီး တရားစွဲဆိုထားတယ်လို့ ဖက်ဒရယ်လုံခြုံရေးဌာန (FSB) က ဇူလိုင် ၂၆ ရက်က ပြောကြားကြောင်း Interfax သတင်းမှာ ဖော်ပြပါတယ်။ 

ဘူလ်ဂါကို့ဗ်ရဲ့ တရားမ၀င်လှုပ်ရှားမှုတွေရဲ့ အဖြစ်မှန်ကိုဖော်ထုတ်ရဖို့ စုံစမ်းစစ်ဆေးရေး လုပ်နေတယ်လို့ (FSB) ရဲ့ ပြောကြားချက်ကို ကိုးကားပြီး အစိုးရသတင်းဌာန RIA  က ဖော်ပြပါတယ်။

ဘူလ်ဂါကို့ဗ်ကို မော်စကိုမြို့က တရားခွင်အကြို ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ထားကြောင်းလည်း ဆိုပါတယ်။ 

အသက် ၆၉ နှစ်ရှိ ဘူလ်ဂါကို့ဗ် ဟာ ရုရှားစစ်တက္ကသိုလ်တွေကနေဘွဲ့ရရှိခဲ့ပြီး ရာထူးကနေ ထုတ်ပယ်ခံရတဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ စစ်တပ်ရဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ရာထူးအသီးသီးကို ထမ်းဆောင်ခဲ့ပါတယ်။ 

သူဟာ အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲခံထားရတဲ့ ကာကွယ်ရေး၀န်ကြီးဌာနက လူသိထင်ရှားပုဂ္ဂိုလ် အများအပြားထဲမှာ နောက်ဆုံး ဖမ်းဆီးခံရသူလည်း ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်မှာ သူ့ကိုဖယ်ရှားလိုက်ချိန်အထိ ဒုကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်တဲ့ ရုရှားသူရဲကောင်းဆုအပါအဝင် ထိပ်တန်း စစ်တပ်နဲ့အရပ်ဘက် ဆုပေါင်းများစွာကို ရရှိထားသူလည်း ဖြစ်ပါတယ်၊

ဒီဖမ်းဆီးမှုတွေဟာ စစ်ရေးအတွေ့အကြုံမရှိတဲ့ စီးပွားရေးပညာရှင် အန်ဒရေး ဘဲလိုဆော့ဗ်ကို ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်လိုက်ချိန်မှာ ပေါ်ပေါက်လာတာဖြစ်ပြီး နှစ်များစွာအတွင်း ရုရှားစစ်တပ်အတွက် အကြီးမားဆုံး အရှုပ်တော်ပုံလည်း ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးအသစ် ဘဲလိုဆော့ဗ်ကို စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှု ကင်းစင်ရေးအတွက် တာဝန်ပေးထားပြီး ယူကရိန်းမှာ မော်စကိုရဲ့ အထူးစစ်ဆင်ရေးအတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးမှု ချောမွေ့အောင် ဆောင်ရွက်ပေးဖို့လည်း ပါဝင်ပါတယ်။ 

ဧပြီ ၂၃ ရက်က စတင်ခဲ့တဲ့ အဆင့်မြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ ကာကွယ်ရေး ဝန်ကြီးဟောင်း ဆာဂျီရွှိုင်ဂူရဲ့ အနီးကပ်မဟာမိတ်ဖြစ်တဲ့ လက်ထောက်ကာကွယ်ရေးဝန်ကြီး တီမူရ် အီဗာနော့ဗ် ကို ဖမ်းဆီးခဲ့ပါတယ်။ 

အဲဒီအချိန်မှစပြီး စစ်တပ်နဲ့ ကာကွယ်ရေးအရာရှိ အနည်းဆုံး ၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ကရင်မလင်နန်းတော်ဟာ အရင်က ဖမ်းဆီးမှုတွေကို အကျယ်မချဲ့တော့ဘဲ တခြားရုရှားနိုင်ငံတော် အေဂျင်စီတွေလည်း အလားတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ ပါဝင်လာကြကြောင်း ပြောကြားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013