DVB Logo
Home
နိုင်ငံတကာ
ဘယ်လာရုစ်နယ်စပ်၌ လက်နက် အသုံးပြုခွင့်ရှိမည့် ပိုလန်ဥပဒေကြမ်းကို လူ့အခွင့်အရေးအဖွဲ့များ စိုးရိမ်
DVB
·
July 27, 2024
ဘယ်လာရုစ်နယ်စပ်၌ လက်နက် အသုံးပြုခွင့်ရှိမည့် ပိုလန်ဥပဒေကြမ်းကို လူ့အခွင့်အရေးအဖွဲ့များ စိုးရိမ်
Donate to DVB

ပိုလန်လွှတ်တော်အမတ်တွေဟာ ဘယ်လာရုစ်နယ်စပ်ရှိ ရွှေ့ပြောင်းဒုက္ခသည်တွေအပေါ် လက်နက်တွေ အသုံးပြုခွင့်ရှိမယ့် လုံခြုံရေးတပ်ဖွဲ့တွေအတွက် ပိုလွယ်ကူအောင် လုပ်ပေးမယ့် ဥပဒေကြမ်းကို ဇူလိုင် ၂၆ ရက်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ 

ဒီဥပဒေကြမ်းဟာ အရေးပေါ်အခြေအနေတွေမှာ နယ်စပ်မှာ လက်နက်တွေအပါအဝင် လုံခြုံရေး တပ်ဖွဲ့တွေကို အင်အားသုံးခွင့်ပြုမှာဖြစ်ပါတယ်။ 

ဒီဥပဒေကြမ်းဟာ လူထုထောက်ခံတဲ့ ဥပဒေဖြစ်ပေမဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ဝေဖန်သူတွေက ပြောနေကြပြီး ဖြစ်ရပ်တွေအပေါ် မှန်မှန်ကန်ကန် စိစစ်ခြင်းကို တားဆီးလိမ့် မယ်လို့ လူ့အခွင့်အရေး ထောက်ခံသူတွေက ပြောဆိုကြပါတယ်။

ပိုလန်၀န်ကြီးချုပ် ဒေါ်နယ်လ်တပ်စ်ခ်ရဲ့ အစိုးရဟာ အီးယူအစုအဖွဲ့ရဲ့ အရှေ့ဘက်နယ်စပ်ရှိ ရွှေ့ပြောင်းအခြေချ အကျပ်အတည်းနဲ့ပတ်သက်ပြီး အရင်တုန်းက အမျိုးသားရေးအစိုးရရဲ့ လုပ်ဆောင်မှုအတိုင်း လိုက်လုပ်မှာ မဟုတ်ဘူးလို့ တက်ကြွလှုပ်ရှားသူတွေက မျှော်လင့်ထား ခဲ့ကြပေမယ့် ဒီဆွေးနွေးပွဲမှာ ဥရောပသမဂ္ဂ (အီးယူ)ကို လိုလားတဲ့ ၀န်ကြီးချုပ် တပ်စ်ခ်ရဲ့ အစိုးရက ဆန့်ကျင်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လအတွင်းက နယ်စပ်ခြံစည်းရိုးမှာ အသက် ၂၁ နှစ်အရွယ် ပိုလန်စစ်သား တဦး ဓားနဲ့ အသေ ထိုးသတ်ခံခဲ့ရပြီးနောက်မှာ ဝမ်းနည်းမှုနဲ့ ဒေါသလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

နယ်စပ်မှာ သတိပေး ပစ်ခတ်ခဲ့တဲ့ စစ်သားတွေကို ဖမ်းဆီးကာ လက်ထိတ်ခတ်ပြီး ထွက်ပြေးသွား တဲ့ သတင်းတွေကြောင့် ပိုလန်လူမျိုး အများအပြား ဒေါသထွက်ခဲ့ကြပါတယ်။ 

ပိုလန်နိုင်ငံဟာ ရွှေ့ပြောင်းနေထိုင်သူ အများအပြား တရားမ၀င် ဖြတ်ကျော်ဖို့ ကြိုးစားလာကြတဲ့ ၂၀၂၁ ခုနှစ်ကတည်းက နယ်စပ်မှာ ပေါင်းစပ်-စစ်ဆင်ရေး-ပုံစံအတိုင်း ကိုင်တွယ် ဖြေရှင်း နေခဲ့တာပါ။ 

ဘယ်လာရုစ်နဲ့ သူ့မဟာမိတ် ရုရှားတို့ဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကကနေ လေယာဉ်နဲ့ လာရောက်ကြတဲ့ ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်းကို ကြိုးကိုင်နေတာဖြစ်ကြောင်း ဝါဆောနဲ့ EU တို့က ပြောဆိုခဲ့ပြီး မင့်စ်ခ် နဲ့ မော်စကို အစိုးရတွေက ငြင်းဆိုထားကြပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013