DVB Logo
Home
Lead Story
မြ၀တီ ပစ်ခတ်မှု လက်သည်ရှာဆဲ (မေးမြန်းချက်)
DVB
·
September 27, 2014
မြ၀တီ ပစ်ခတ်မှု လက်သည်ရှာဆဲ (မေးမြန်းချက်)
Donate to DVB

ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီနေ့ မနက်ပိုင်းက ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတာလဲဆိုတာကို ၀ိုင်းဝန်း အဖြေရှာနေကြတုန်းလို့ မြ၀တီမြို့က  ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ဒီကေဘီအေ ဆက်ဆံရေးရုံးက တပ်ဖွဲ့ဝင်တယောက်ကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မနက်က မြ၀တီမြို့မှာ ပစ်ခတ်မှုဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်ကြတာပါလဲ ခင်ဗျ။

ခလ၇ ၂၄ စစ်ကားတွေက တက်လာတယ်။ အဲဒီကားတွေကို အာရှလမ်းပေါ်မှာ ဖြတ်ပြီး အပစ်ခံရပါတယ်။ အစတုန်းက ဒီကေဘီအေက ပစ်တာပါလို့ ပြောတယ်။ ဒါပေမယ့် တိတိကျကျ ရေရေရာရာလည်း ဘယ်သူမှ မပြောနိုင်ဘူး။ ကျနော်တို့ ရောက်ရှိသွားတဲ့အချိန်မှာ သွားကြည့်ပါတယ်။ သွားကြည့်ပြီးတော့မှ တည်ငြိမ်မှု တစုံတရာရောက်အောင် ၀ိုင်းဝန်း ဖြေရှင်းပါတယ်။ ဖြစ်စဉ်ကို မပြောပြနိုင်ပဲနဲ့ တခြားက ဖြစ်စဉ်တွေနဲ့ ချည်းကပ်ပြီးတော့ ကျနော်တို့ အဖွဲ့ပါပဲလို့ စွပ်စွဲမှုက မှားယွင်းချက် ဖြစ်တယ်လေ။

ဘယ်သူတွေ ပစ်သွားလည်းဆိုတာကို နှစ်ဖက်လိုက် ရှင်းနေလား။

နှစ်ဖက်တင် မဟုတ်ပါဘူး။ မြ၀တီမှာ ရှိသမျှ ဆက်ဆံရုံးက လူတွေနဲ့ ကျနော်တို့တွေ အဖြေရှာနေတုန်းပါ။ အတိအကျတော့ မပြောနိုင်သေးပါဘူးခင်ဗျာ။

မြ၀တီမှာ အခုရက်ပိုင်း ပစ်ခတ်မှုလေးတွေ ခဏခဏ ဖြစ်နေတယ်။ ဘာတွေကြောင့် အဲဒီလိုတွေ ဖြစ်နေတာလဲ ခင်ဗျ။

အဲဒီကိစ္စမှာ အကြောင်းအချက် ၃ ချက် ရှိတယ်လို့ ပထမ သုံးသပ်နိုင်ပါတယ်။ ၁ အချက်က မိုင်းလန့်တဲ့ ဖြစ်စဉ် စဖြစ်တယ်ပေါ့။ မိုင်းလန့်တဲ့ ဖြစ်စဉ် ဖြစ်ပြီးတော့ သူတို့က မြို့လုံခြုံရေးကို တိုးချထားတယ်။ ထိုနည်းတူစွာပဲ တိုင်းရင်းသားအဖွဲ့အစည်းတွေက လက်နက်နဲ့ မသွားရမလာ ဘူးဆိုပြီး တပြိုင်နက်တည်းပဲ ထုတ်ပြန်လာတယ်။ ထုတ်ပြန်လာတော့ လုံခြုံရေးက တင်းကျပ်တယ်၊ လက်နက်တွေက မကိုင်ရဘူးလို့ တင်းကျပ်တဲ့အခါကျတော့ ဒီဘက်က ချည်းကပ်တဲ့ ပုံစံကလည်း တမျိုးဖြစ်လာနိုင်ပါတယ်။ တခါတည်းမှာပဲ ကျနော်တို့ဆီက တယောက်ကလည်း ဖြစ်စဉ်တခုပေါ်မှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးခဲ့ရတာ။ အဲဒီတော့ ကျနော်တို့ ဘက်ကလည်း ခံစားချက်တစုံတရာ ရှိတယ်။ ထိုနည်းတူစွာပဲ ကေအန်ယူက လူတယောက် ကလည်း သေဆုံးသွားတဲ့ ကိစ္စမှာ သူတို့လည်း ခံစားချက် တစုံတရာ ရှိတယ်။ ဒီဟာတွေကို တခုခုကပဲ အသုံးချနေသလားလို့တော့ စဉ်းစားလို့ ရနိုင်ပါတယ်။

မနက်က ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရတာတွေ ရှိလား။

ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး။

အခုနောက်ဆုံး အခြေအနေကို ပြောပါ။

နောက်ဆုံးအခြေအနေက အဲဒီနေရာရဲ့ မြေပြင်အခြေအနေကို သွားကြည့်တော့ အဖွဲ့အစည်း တော်တော်များက အဲဒီတ၀ိုက်မှာ ရှိပါတယ်။ အကုန်လုံးက အဲဒီနားတ၀ိုက်မှာ သူ့နည်း သူ့ဟန်နဲ့ ရှိကြပြီးတော့ ကိုယ်ပိုင်စီးပွားရေးတွေနဲ့ ရပ်တည်ပြီးတော့ ရှိကြတဲ့ အပိုင်းတွေ ရှိပြီးတော့ သို့လော သို့လောဆိုတဲ့ ထင်ယောင်ထင်မှားပြဿ    နာတွေ ဖြစ်နေပါတယ်။

ဒီအခြေအနေအရ ဘာတွေ ဆက်ဖြစ်နိုင်မလဲ။

ကျနော်တို့က အဓိကတော့ ပြည်သူလူထုရဲ့ အခြေအနေတရပ်ကို ပြည်သူလူထုက မတည်ငြိမ်မှု ဖြစ်၊ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ အပိုင်းကဏ္ဍတွေကို မဖြစ်အောင်အတွက်ကို ကျနော်တို့ မဟုတ်ပေမယ့် ကျနော်တို့က ပူးပေါင်းဝိုင်းဝန်းညှိနှိုင်းပြီးတော့မှ တပ်ကိုလည်း တပ်ဘက်ကထိန်း၊ အဖွဲ့အစည်းတွေဆိုလည်း အဖွဲ့အစည်းတွေအားလုံးကနေပြီး အထင်အမြင်နဲ့မဖြစ်ကြဖို့ ဆိုတဲ့ ကိစ္စမှာ ကျနော်တို့ ပူးပေါင်းပြီးတော့ ညှိနှိုင်းဖြေရှင်းတယ်။ ဖြေရှင်းပြီးတော့ ကိုယ့်ဘာကိုယ် ထိန်းထားပြီး အဖြေတခုကို ရှာဖို့အတွက် ကျနော်တို့ ကြိုးစားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013