DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယား အတိုက်အခံပါတီခေါင်းဆောင်ကို အသရေဖျက်မှုဖြင့်စွပ်စွဲပြီး ဒဏ်ငွေရိုက်  
DVB
·
July 26, 2024
ကမ္ဘောဒီးယား အတိုက်အခံပါတီခေါင်းဆောင်ကို အသရေဖျက်မှုဖြင့်စွပ်စွဲပြီး ဒဏ်ငွေရိုက်  
Donate to DVB

ကမ္ဘောဒီးယားတရားရုံးက အတိုက်အခံနိုင်ငံရေးသမား တိဗ်ဗန်းနောလ်ကို အသရေဖျက်မှုနဲ့ တရားစွဲပြီး အပြစ်ရှိကြောင်း   ဇူလိုင်  ၂၅ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ 

နိုင်ငံရဲ့ ဒီမိုကရေစီအခြေအနေနဲ့ ပတ်သက်ပြီး ပြည်ပမီဒီယာတခုကို မှတ်ချက်ပေးတဲ့အတွက် ဒေါ်လာ ၁ သန်းခွဲ ဒဏ်ငွေရိုက်ခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

အသရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ တိဗ်ဗန်းနောလ်ဟာ ပုဒ်မ ၃၀၅ ကို ဖောက်ဖျက်ကျူးလွန်တယ်လို့ ဖနွမ်းပင်တရားရုံးက မနေ့က တွေ့ရှိခဲ့ပြီး တရားသူကြီးက ကမ္ဘောဒီးယားသုံး ရီယယ်လ်ငွေ ၁၀ သိန်း (ဒေါ်လာ ၂၅၀၀) ဒဏ်ငွေ ဆောင်ခိုင်းခဲ့ပါတယ်။

ဒါ့အပြင် အာဏာရပါတီကိုလည်း လျော်ကြေးငွေ ခြောက်ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၅ သန်း) ကိုလည်း ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ADHOC) ရဲ့ အကြီးတန်းလူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး ကင်မ် ပိဆက်သ် က ပြောကြားခဲ့ပါတယ်။

ဒါက  ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချုပ်ချယ်ထားလိုက်တာ ဖြစ်ပြီး နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘယ်သူမှ မှတ်ချက်မပေးဝံ့အောင် လုပ်ထားတာ လို့ ဆိုပါတယ်။

တကယ်လို့ ပြည်သူတွေက မှတ်ချက်ပေးရင် တရားရုံးမှာ ရင်ဆိုင်ရ၊ ထောင်ဒဏ်နဲ့ ငွေဒဏ်များစွာ ချမှတ်ခံရမှာ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက နစ်ကေးသတင်းဌာနနဲ့ အင်တာဗျူးမှာ Candlelight ပါတီဥက္ကဋ္ဌ ဗန်းနောလ်က ဝန်ကြီးချုပ်ဟွန်မာနတ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံရဲ့ ဒီမိုကရေစီဟာ ပိုဆိုးရွားလာတယ်လို့ ပြောကြားခဲ့ပါတယ်။

ဟွန်မာနတ်ဟာ နိုင်ငံရဲ့ ကာလရှည်ကြာ ခေါင်းဆောင် အာဏာရှင် ဟွန်ဆန်ရဲ့ သားဖြစ်ပြီး မနှစ်က အာဏာရခဲ့တာပါ။

ဟွန်မာနတ်ရဲ့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီက အပြတ်အသတ် အနိုင်ရခဲ့တဲ့ မနှစ်က အထွေထွေရွေးကောက်ပွဲမှာ Candlelight ပါတီကို ပါဝင်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013