







၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာ စတင်ခဲ့ပြီးတဲ့နောက် ရက်ပေါင်း ၃၀ ပြည့်ချိန်မှာတော့ ဒုတိယမြို့အဖြစ် မိုးကုတ်မြို့တခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အတည်ပြုပါတယ်။
ဇူလိုင် ၂၄ ရက် ဒီကနေ့မှာ မိုးကုတ်မြို့ထဲ တော်လှန်ရေးတပ်တွေ သွားလာနေတဲ့ပုံတွေ တွေ့မြင်ရတာကြောင့် TNLA ပြောခွင့်ရသူ လွေးယေဦးကို DVB က မေးမြန်းရာ “ဟုတ်ပါတယ်။ ဒီနေ့ အပြီးသတ် သိမ်းပိုက်နိင်ခဲ့ပါတယ်” လို့ ပြန်ဖြေခဲ့တာပါ။
ဒါပေမဲ့ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း၊ အရပ်သားထိခိုက်မှုအခြေအနေတွေကိုတော့ ဘယ်ဘက်ကမှ အသေးစိတ်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
နောင်ချိုမြို့မှာလည်း စစ်ကောင်စီရဲ့ အမှတ် (၆၀၆) ဒုံးတပ်ကို ရှင်းလင်းပြီးးတဲ့နောက် ဇူလိုင် ၁၀ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာကြောင့် မိုးကုတ်ဟာ စစ်ဆင်ရေးအတွင်း ဒုတိယမြောက်သိမ်းပိုက်နိုင်တဲ့ မြို့ဖြစ်လာခဲ့ပါတယ်။










