DVB Logo
Home
မြန်မာသတင်း
မင်းကွန်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က နေအိမ်များကိုမီးရှို့၊ လက်နက်ကြီးကြောင့် ရွှေဘိုဒေသခံ ၁ ဦး သေဆုံး
DVB
·
July 23, 2024
မင်းကွန်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က နေအိမ်များကိုမီးရှို့၊ လက်နက်ကြီးကြောင့် ရွှေဘိုဒေသခံ ၁ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းမှာ ဇူလိုင် ၂၃ ရက် မနက် ၈ နာရီက စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး မင်းကွန်းအနီးက ရှားရောင်းကျေးရွာကိုပါ စစ်တပ်က မနက် ၉ နာရီမှာ မီးရှို့သွားတယ်လို့ မင်းကွန်းဒေသခံတဦးက ပြောပါတယ်။ 

“အစပိုင်းတုန်းက ရဲကားတွေ ကင်းပတ်နေကြတာ မြင်ရတာပဲ။ ခဏနေကြာတော့ အုန်းဒိုင်း၊ အုန်းဒိုင်း ဆိုတဲ့အသံတွေ ကြားရတယ်။ စုံစမ်းကြည့်တာကတော့ PDF ဘက်က ကားနဲ့ ရွာထဲဝင်လာတာကို စစ်တပ်ဘက်ကမြင်လို့ လိုက်ပစ်ကြတာလို့ သိရတယ်ဗျ။ အကျအဆုံးကတော့ စစ်တပ်ဘက်က ၃ ဦးကျဆုံးတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။

စစ်တပ်က တိုက်ပွဲဖြစ်ပွားပြီး မင်းကွန်းရွာမြောက်ပိုင်းက ပြည်သူနေအိမ် ၃ လုံး၊ ရှားရောင်းကျေးရွာက ပြည်သူနေအိမ် ၆ လုံးကို မီးရှို့သွားပြီး ကျေးရွာအတွင်းက ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတဦး အပါအဝင် ရွာသားတချို့ကိုပါ ဖမ်းဆီးသွားပြီး အရေအတွက်အတိအကျကိုတော့ DVB အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးက “မင်းကွန်းရဲစခန်းကနေ တောင်ဘက်ကို စစ်ကြောင်းထိုးလာတယ်လို့ သတင်းရလို့ ကျနော်တို့အဖွဲ့တွေ သွားရောက်စောင့်ပြီး တိုက်ခိုက်ခဲ့တယ်ဗျ။ စစ်တပ်ဘက်က နယ်ထိန်းရဲအရာရှိတဦး အပါအဝင် ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိထားရတယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်‌ကလည်း မင်းကွန်းနယ်မြေခံရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ခဲ့ပြီး စစ်တပ်ဘက်က ရဲတဦး၊ ပျူတဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အုန်းပေါက်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဇူလိုင် ၂၃ ရက်  မနက်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် အမျိုးသမီးတဦး ကျည်ထိမှန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုအမှတ် ၈ လေ့ကျင့်ရေးတပ်နဲ့ ကျောက်မြောင်း ခလရ ၁၂ တပ်တို့က စုစုပေါင်း အင်အား ၆၀ နဲ့ အုန်းပေါက်ရွာမှာ အထိုင်ချတပ်စွဲထားပြီး အနီးပတ်ဝန်းကျင်တွေကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ရာကနေ အခုလို ပြည်သူတဦး သေဆုံးခဲ့ရတာလိုလည်း ဆိုပါတယ်။

“တိုက်ပွဲကမဖြစ်ပါဘူး သူတို့ပစ်ချင်လို့ကို ပစ်နေတာ။ ကျနော်အမြင်ကတော့ မြစ်အရှေ့ဘက်ခြမ်းက စဉ့်ကူးမြို့ကို ပြည်သူကာကွယ်ရေးတပ်တွေကသိ မ်းထားတော့ ကျောက် မြောင်းကိုပါ  ထပ်အသိမ်းခံရမှာ ကြောင်လန့်ပြီး အခုလို အင်အားတိုးထပ်ဖြည့်ကာ ရမ်းသန်းပြီး စည်းကမ်းမရှိ ပစ်ခတ်နေတာ။ သူတို့ပစ်လို့ မောင်းတပ်ရွာက အမျိုးသမီးတဦး ကျည်စထိမှန်သေဆုံးရတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီ စစ်ကြောင်း အင်အားဖြည့်တင်းလာတာကြောင့် ပြည်သူကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားလာမှာကို ကြောက်လန့်ပြီး ကျောက်မြောင်း၊ အုန်းပေါက်၊ မောင်းတပ် စတဲ့ ကျေးရွာကပြည်သူတွေ နေရပ်စွန့်ခွာရှောင်တိမ်းကြတယ်လို့ ဆိုပါတယ်။

ရွှေဘိုတပ်ရင်း ၅ မှ ဆိုမာလီက “ပြည်သူတဦးသေတာဟုတ်တယ်ဗျ။ စစ်တပ်က ပစ်ခတ်တဲ့ ကျည်စထိမှန် သေဆုံးသွားတာဗျ။ ကျနော်တို့နဲ့က ဒီနေ့ ဇူလိုင် ၂၃ ရက်ကတော့ စခတွေနဲ့ တိုက်ပွဲဖြစ်တာမရှိပါဘူး။ သူတို့ ပြည်သူကို လက်နက်နဲ့အနိုင်ကျင့်ချင်လို့ အခုလိုပစ်‌နေကြတာ။ ပြည်သူတွေအနေနဲ့ကလည်း စစ်ကောင်စီ စစ်ကြောင်းလာပြီဆိုရင် ဘေးလွတ်ရာကို အမြန်းဆုံးရှောင်တိမ်းသင့်တယ်။ ဒီကောင်တွေက လူစိတ်မရှိဘူးရယ်။ သူတို့ခေါင်းထဲမယ် ဟိုသူတို့ ပ‌ထွေး မအလ ပဲ သိတာလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ခမရ ၁၂ စစ်ကောင်စီ အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက် မွန်းတည့် ၁၂ နာရီလောက်က ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013