DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီနှင့် ရိုဟင်ဂျာ ၃၇ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ
DVB
·
September 26, 2014
ဘင်္ဂါလီနှင့် ရိုဟင်ဂျာ ၃၇ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် သကွာပါမြို့နယ်မှာ တရားဝင်စာရွက်စာတမ်းမပါရှိတဲ့ ရိုဟင်ဂျာ ၁၀ ဦး နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (ဘဂါင်္လီ) ၂၇ ဦး၊ စုစုပေါင်း ၃၇ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ ညနေက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံသား ၂ ဦး မောင်းနှင်လိုက်ပါလာတဲ့ အီဆူးဇူးကားတစီးပေါ်ကနေ ဖမ်းဆီးထားတာလို့  ထိုင်းနိုင်ငံတောင်ပိုင်းက မြန်မာတွေကို အကူအညီပေးအဖွဲ့ဖြစ်တဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က ထုတ်ပြန်ပါတယ်။

[caption id="attachment_66164" align="alignright" width="300"]ဖမ်းဆီးခံရသူများ ဖမ်းဆီးခံရသူများ[/caption]

ဖမ်းခံရသူတွေထဲမှာ ကလေး ၈ ဦးပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (ဘင်္ဂါလီ) အမျိုးသား ၂၇ ဦး၊ ရိုဟင်ဂျာ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ ဖြစ်ကြပါတယ်။

ဒီဖမ်းဆီးမှုအပြီးမှာ ထိုင်းအာဏာပိုင်တွေက FED ကို ဘာသာပြန်နဲ့ တခြားလိုအပ်ချက် အတွက် ကူညီအပြီးမှာ ဖြစ်စဉ်ကို ထုတ်ပြန်ခဲ့တာလို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ မှတ်တမ်းတာဝန်ခံ ကိုမင်းဦးက ပြောပါတယ်။

ထုတ်ပြန်အချက် ဖမ်းခံရသူတွေထဲက ဆိုဖီအေစလာ ၂၂ နှစ်ဟာ လှေပေါ်မှာ ရိုက်နှက်ခံရလို့ ခြေထောက်ကျိုးဒဏ်ရာရခဲ့တာ ရက်ပေါင်း ၄၀ ရှိပြီဖြစ်ကြောင်း၊ အသက် ၁၈ နှစ်အရွယ် မာနေဆိုသူမှာလည်း လှေသားတွေရဲ့ ရိုက်နှက်မှုကြောင့် လွန်ခဲ့တဲ့ ၁၄ ရက်ကတည်းက လက်သန်းကြွယ်ကျိုးခဲ့ရာမှာ ဒဏ်ရာရတဲ့လက် ပုပ်နေတာတွေ့ရတဲ့အကြောင်း၊ မူဒန်မာ အသက် ၂၂ နှစ်ဟာ ပွဲစားတွေရဲ့ ရိုက်နှက်ထိုးကြိတ်မှုကြောင့် ဗိုက်နဲ့ကျောကုန်းမှာ ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့တွေကို ဆေးရုံပို့ဆောင်ရာမှာ ဆေးရုံမှာ ညအိပ်ဖို့လိုပေမယ့် ဆေးရုံက လက်မခံလို့ ညတွင်းချင်း ဆင်းလာခဲ့ရတယ်လို့ ပြောပါတယ်။

သူတို့ဟာ မလေးရှားကိုသွားကြဖို့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာဘက်ခြမ်းတွေမှာ ပွဲစားတွေက ရွာတွေကနေ လိုက်ခေါ်ပြီး လှေငယ်တွေနဲ့ မြန်မာကမ်းဝေးရေးပိုင်နက်တွင်းမှာ အသင့်စောင့်နေတဲ့ လှေကြီးတွေကို ပို့ဆောင်ခဲ့ပါတယ်။

ဒီနောက် ထိုင်းဘက်ခြမ်းမှာ စောင့်နေတဲ့ လှေကြီးတွေကနေတဆင့် သယ်ဆောင်ပြီး ပွဲစားတွေကနေ နေရာအသီးသီးကို လှေငယ်တွေနဲ့ခွဲပြီး ပို့ဆောင်ကြတာလို့ ဆိုပါတယ်။

သူတို့တွေရဲ့ခရီးစဉ်အတွင်း လမ်းမှာ ၁၂ ဦး သေဆုံးခဲ့ပြီး ရေထဲကို အလောင်းပစ်ချခဲ့ကြရတယ်လို့ ဆိုပါတယ်။ ထိုင်းလှေတွေမှာ ပါသူတွေဟာ ထိုင်းနဲ့ ဗမာစကားပြောကြတယ်လို့ ဆိုပါတယ်။ သူတို့ကို စုရပ်မှာ လူပေါင်း ၅၀၀ လောက်ရှိနေပြီး အဲဒီနေရာကနေ ဖြန့်ပို့စဉ်မှာ ဖမ်းခံရတာလို့ ဆိုပါတယ်။

ဒီကနေ့မှာတော့ သူတို့တတွေကို တရားရုံးက စစ်ဆေးတယ်လို့ ကိုမင်းဦးကပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်သံရုံးက တာဝန်ရှိသူတွေကလည်း နိုင်ငံသားဟုတ်မဟုတ် စစ်ဆေးသွားသလို ကုလသမဂ္ဂက အရာရှိတချို့လည်း လာရောက်မေးမြန်းတယ်လို့ ဆိုပါတယ်။

ဒီလ စက်တင်ဘာ ၁၅ ရက်နေ့ကလည်း ကူရဘူရီ (နန်ယွန်) ရဲစခန်းမှာ ၁၂ ရက်နေ့က ဖမ်ဆီးထားတဲ့ ဘဂါင်္လီ ၂၅ ဦးနဲ့ ရိုဟင်ဂျာ ၆ ဦးကိစ္စကို သွားရောက်ကူညီခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒီ ၃၁ ယောက်ကို ထိုင်းလင်မယားက ကားနှစ်စီးနဲ့ ခေါ်ဆောင်လာတာဖြစ်ပြီး သူတို့တွေရဲ့ ပြောကြားချက်အရ ရနောင်းအပိုင် ကပွန်းအရပ်မှာ လူစုပို့ဆောင်နေတာဖြစ်ပြီး စုရပ်မှာ လူ ၂၅၀ လောက်ရှိတယ်လို့ ထွက်ဆိုကြကြောင်း မှတ်တမ်းက ဖော်ပြပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013