DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် တောင်ပြုံးပွဲတော်ကျင်းပရန် မသေချာ
DVB
·
July 23, 2024
တိုက်ပွဲကြောင့် တောင်ပြုံးပွဲတော်ကျင်းပရန် မသေချာ
Donate to DVB

နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိတဲ့ တောင်ပြုံးပွဲတော်ကို မတ္တရာမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ကျင်းပဖို့ မသေချာနိုင်တော့ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ဆုတောင်းပြည့်၊ ဆုတောင်းရ ဂေါပကအဖွဲ့ထံက သိရပါတယ်။

လက်ရှိ မန္တလေးတိုင်းထဲက မိုးကုတ်၊ စဉ့်ကူးနဲ့ မတ္တရာတိုက်ပွဲတွေကြောင့် ပွဲကျင်းပဖို့ မသေချာနိုင်တော့တာလို့ ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောပါတယ်။

“လမ်းတွေအကုန်ပိတ်နေတော့ ဘာမှကို စီစဥ်လို့မရတော့တာ။ စျေးဆိုင်ခန်းတွေ ရောင်းချထားတာကိုတော့ ပြန်အမ်းပေးရမှာပေါ့။ အကျဥ်းရုံးလေးတော့ လုပ်ဖြစ်ရင် လုပ်ဖြစ်နိုင်တာပေါ့။ အရင်ကပြောထားသလို စည်စည်ကားကားကြီးတော့ မလုပ်နိုင်တော့ဘူး။”

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က တောင်ပြုံးကြီးရွာမှာ တောင်ပြုံးပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက်ကနေ ၁၅ ရက်နေ့ (ဩဂုတ် ၁၂ ရက်မှ ၁၉ ရက်အထိ) ၈ ရက်ကြာ စည်ကားစွာ ကျင်းပသွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ ကော်မတီဘက်က ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

တောင်ပြုံးပွဲတော်ကို ပြီးခဲ့တဲ့နှစ်ပိုင်းတွေက ကျန်းမာရေးကိစ္စရပ်တွေနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် အကျဉ်းရုံးသာ ကျင်းပဖြစ်ခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ အနယ်နယ် အရပ်ရပ်က လာရောက်ကျင်းပကြကြောင်း သိရပါတယ်။

တောင်ပြုံးပွဲဟာ မြန်မာနိုင်ငံမှာ အထင်ရှားဆုံး ပွဲတော်တွေထဲက တခုဖြစ်ပြီး တောင်ပြုံးရွာမှာ တောင်ပြုံးနတ်မင်း ၂ ပါးကို နှစ်စဉ် ပူဇော်ပသတဲ့အနေနဲ့ ကျင်းပကြတာဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013