DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်က ဒုသမ္မတဟဲရစ်ကို အရူးဟု ခေါ်ဆိုလိုက်ပြီး နန်စီပယ်လိုစီကို ခွေးနှင့်နှိုင်း
DVB
·
July 22, 2024
ထရမ့်ပ်က ဒုသမ္မတဟဲရစ်ကို အရူးဟု ခေါ်ဆိုလိုက်ပြီး နန်စီပယ်လိုစီကို ခွေးနှင့်နှိုင်း
Donate to DVB

ပြီးခဲ့တဲ့အပတ် လုပ်ကြံမှုမှာ အသက်ဘေးက လွတ်ခဲ့ပြီးတဲ့နောက်ပိုင်း ပထမဆုံးမဲဆွယ်ပွဲမှာ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ဒီမိုကရက်တွေကို လှောင်ပြောင် တိုက်ခိုက်သွားခဲ့ပါတယ်။

ဒုတိယသမ္မတ ကာမလာဟဲရစ်ဟာ ရူးနေပြီး၊ ဒီမိုကရက်ထိပ်တန်းခေါင်းဆောင် နန်စီပယ်လိုစီဟာလည်း သမ္မတဂျိုးဘိုင်ဒင်ကို ခွေးလို ပြန်ကိုက်တဲ့သူ ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ 

ဒေါ်နယ်ထရမ့်ပ်က “ကောက်ကျစ်တဲ့ ဂျိုးဘိုင်ဒင်နဲ့ ကာမာလာဆီကနေ ကျုပ်တို့ အိမ်ဖြူတော်ကို ပြန်ယူပြီးတဲ့အခါကျရင် သူ့ကိုရယ်နေတဲ့ ကာမာလာလို့ ခေါ်မယ်။ ခင်ဗျားတို့ သူရယ်နေတဲ့ပုံ ကြည့်ဖူးလား။ သူက ရူးနေတာလေ။ ရယ်တာကို ကြည့်ပြီးတော့တင် ပြောလို့ရတယ်၊ ရူးနေတာ၊ ဂေါက်နေတာ”လို့  ဟဲရစ်ရဲ့ ရယ်မောပုံကို လှောင်ပြောင်ခဲ့ပါတယ်။ 

ဒါ့အပြင် ရူးတယ်ဆိုပေမဲ့ ဒီမိုကရက်ဝါရင့်လွှတ်တော်အမတ် နန်စီပယ်လိုစီလောက်တော့ မဆိုးသေးဘူးလို့ ထရမ့်ပ်က ဆိုပါတယ်။

ခရေဇီနန်စီဟာ ဘိုင်ဒင်ကို အခု သစ္စာဖောက်သွားပြီ၊ ရောင်းစားလိုက်ပြီလို့လည်း ထရမ့်ပ်က ကောက်ချချက်ခဲ့ပါတယ်။

အခုအခါ ဘိုင်ဒင်ကို ခွေးတကောင်ကို ရန်ပြုနေပြီလို့ ထရမ့်ပ်က ဝေဖန်ခဲ့ပါတယ်။ ကြမ်းပိုးတကောင်လို ရူးတဲ့သူလည်း ဖြစ်တယ်လို့ ပယ်လိုစီကို ဝေဖန်ခဲ့ပါတယ်။

ဒီမိုကရက်ပါတီတွင်း ဩဇာအကြီးဆုံးနဲ့ ဝါအရင့်ဆုံး ဖြစ်သလို လွှတ်တော်ဥက္ကဋ္ဌလည်း အကြိမ်ကြိမ် လုပ်ဖူးတဲ့ ပယ်လိုစီဟာလည်း အခုအခါ ဘိုင်ဒင်နေရာ လူစားထိုးပြိုင်ဖို့ အယူအဆကို ထောက်ခံသူတဦး ဖြစ်လာပါတယ်။ ဒီအချက်ကို ထရမ့်ပ်က ထောက်ပြထိုးနှက်တာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013