DVB Logo
Home
နိုင်ငံတကာ
ကုလသမဂ္ဂ အလိုရှိစာရင်းဝင် အယ်လ်ခိုင်ဒါ ခေါင်းဆောင်ကို ပါကစ္စတန် ဖမ်းဆီး
DVB
·
July 20, 2024
ကုလသမဂ္ဂ အလိုရှိစာရင်းဝင် အယ်လ်ခိုင်ဒါ ခေါင်းဆောင်ကို ပါကစ္စတန် ဖမ်းဆီး
Donate to DVB

ပါကစ္စတန်အကြမ်းဖက်မှုတန်ပြန်ရေး တာဝန်ရှိသူတွေဟာ ကုလသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှု စာရင်းထဲမှာ ဖော်ပြထားတဲ့ အယ်လ်ခိုင်ဒါခေါင်းဆောင် အာမင်အူလ်ဟက်ခ်ကို ဖမ်းဆီး လိုက်ကြောင်း ဇူလိုင် ၁၉ ရက်မှာ ပြောကြားခဲ့ပြီး သူ့ကို အမေရိကန်မှာ 9/11 တိုက်ခိုက်မှုရဲ့ ကြံစည်ကျူးလွန်သူ အိုစမာ ဘင်လာဒင်ရဲ့ အနီးကပ် လက်တွဲဖော်တဦးလို့ ဖော်ပြထားပါတယ်။

လူနေအများဆုံး ပန်ဂျပ်ပြည်နယ်ရှိ အကြမ်းဖက်မှုနှိမ်နင်းရေးဌာနက အာမင်အူလ်ဟက်ခ်ကို တရားဥပဒေအရ အမှုဖွင့်ထားချိန်မှာ နှစ်ပေါင်းများစွာအတွင်း ပါကစ္စတန်ရဲ့ ပထမဆုံး အယ်လ်ခိုင်ဒါ ဖမ်းဆီးမှုဖြစ်ပြီး သူ့ကို အဓိက နေရာတွေမှာ လျှို့ဝှက်လုပ်ကြံ ဖျက်ဆီးဖို့ စီစဉ် နေတယ်လို့ စွပ်စွဲထားပါတယ်။ 

သူ့ရဲ့ အစီအစဉ် အတိအကျကိုတော့ မဖော်ထုတ်ထားပါဘူး။ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ 

အာမင်အူလ်ဟက်ခ်ဟာ နိုင်ငံတကာနဲ့ ကမ္ဘာ့ထိပ်တန်း အကြမ်းဖက်သမား တဦးဖြစ်ပြီး သူ့ကို ထောက်လှမ်းရေး အေဂျင်စီတွေနဲ့ ပူးပေါင်းပြီးတော့ အကြမ်းဖက်မှုတန်ပြန်ရေးဌာန (CTD) မှ အောင်အောင်မြင်မြင် လက်ရ ဖမ်းဆီးနိုင်ခဲ့ပါတယ်လို့လည်း ဆိုပါတယ်။ 

အစ္စလာမ်မစ်နိုင်ငံတော် (ISIL) အဖွဲ့ရဲ့ အာရပ်အမည် (ဒေ့ရှ်) နဲ့ အယ်လ်ခိုင်ဒါအဖွဲ့တို့ကို ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ရက်စွဲနဲ့ ကုလသမဂ္ဂရဲ့ အရေးယူမှု စာရင်းထဲမှာ ထည့်ထားတာဖြစ်ပြီး အခု ဖမ်းမိထားတဲ့ အာမင် မူဟမ်မဒ် အူလ်ဟက်ခ် ဆာမ်ခန်ကို ဘင်လာဒင်အတွက် လုံခြုံရေး ညှိနှိုင်းရေးမှူးအဖြစ် ခေါ်ဆိုကြောင်း ဖော်ထုတ်ထားပါတယ်။ 

ဖမ်းဆီးခံရတဲ့ ဒီ အယ်လ်ခိုင်ဒါ ထိပ်တန်းအကြမ်းဖက်သမားရဲ့ ID ဟာ 002 ဖြစ်ကြောင်းနဲ့ သူဟာ ပိတ်ဆို့အရေးယူမှု အမျိုးအစား ၃ ခုထဲမှာ ပါဝင်နေပြီးတော့ ကမ္ဘာတဝန်းမှာ သူ့ရဲ့ သွားလာ လှုပ်ရှားမှုကို လုံးဝပိတ်ပင်ထားတာ ဖြစ်တယ်လို့ ပန်ဂျပ်ပြည်နယ် တန်ပြန်အကြမ်းဖက်မှု တိုက်ခိုက်ရေးဌာနမှ ဒုတိယစစ်ဆေးရေးအရာရှိချုပ် အူစ်မန် အက်ခရမ်က လာဟိုးရ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အယ်လ်ခိုင်ဒါ ဘင်လာဒင် သို့မဟုတ် တာလီဘန်အဖွဲ့တို့နဲ့ မိတ်ဖက်များစာရင်းထဲမှာ ပါဝင်နေသူ ဖြစ်ပြီး သူတို့ဆီ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို "ထောက်ပံ့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်း" တို့လို လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပတ်သက်နေခြင်း သို့မဟုတ် ပံ့ပိုးကူညီခြင်း ဖြစ်တယ်လို့ ဘုတ်အဖွဲ့မှ ပြောကြားခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013