DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သတင်းထောက်ကို ချက်ချင်းလွှတ်ပေးရန် ရုရှားကို ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို
DVB
·
July 20, 2024
အမေရိကန်သတင်းထောက်ကို ချက်ချင်းလွှတ်ပေးရန် ရုရှားကို ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို
Donate to DVB

ရုရှားမှာထောင်ကျနေတဲ့ အမေရိကန်သတင်းထောက် ဂါရှ်ကိုဗစ်ချ်ကို အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဗြိတိန်ဝန်ကြီးချုပ် ကေယာစတာမာနဲ့ ဥရောပပါလီမန်ဥက္ကဋ္ဌ ရောဘတ်တာမတ်ဆလာတို့အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက  ဇူလိုင် ၁၉ ရက်မှာ  တောင်းဆိုခဲ့ကြပါတယ်။

ရုရှားတရားရုံးက အမေရိကန်သတင်းထောက် အီဗန်ဂါရှ်ကိုဗစ်ချ်ကို သူလျှိုလုပ်မှုမှာ ပြစ်မှုထင်ရှား တွေ့ရှိပြီးနောက် လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့တာပါ။

သူက သတင်းထောက်တယောက်ဖြစ်ပြီး အမေရိကန်တယောက်ဖြစ်လို့ ရုရှား အစိုးရရဲ့ ပစ်မှတ်ထားခံခဲ့ရတာပါ”လို့ သမ္မတဘိုင်ဒန်က လူမှုမီဒီယာဝဘ်ဆိုက် "X" မှာ ပို့စ်တင်ထားပါတယ်။ 

ဝေါလ်စထရိသတင်းစာရဲ့ သတင်းထောက် ဂါရှ်ကိုဗစ်ချ်ကို စီရင်ချက်ချတာဟာ မီဒီယာ လွတ်လပ်ခွင့်အတွက် ရုရှားရဲ့ လုံးလုံးလျားလျား မထီမဲ့မြင်ပြုမှုကို မီးမောင်းထိုးပြခြင်းသာ ဖြစ်ပြီး သတင်းစာပညာဟာ ရာဇ၀တ်မှုမဖြစ်သင့်ကြောင်းနဲ့ ဂါရှ်ကိုဗစ်ချ်ကို ချက်ချင်း လွှတ်ပေးသင့်တယ် လို့ ဗြိတိန်ဝန်ကြီးချုပ် ကေယာ စတာမာကလည်း ပို့စ်တင်ထားပါတယ်။ 

ဝေါလ်စထရိဂျာနယ်လစ် ဂါရှ်ကိုဗစ်ချ်ကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခြင်းဟာ တရားမျှတမှုရဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး နိုင်ငံရေးအရ လှုံ့ဆော်မှုနဲ့ အတုအယောင် ရုံးတင်စစ်ဆေးခြင်း ဖြစ်တယ်လို့ လည်း ဥရောပပါလီမန် ဥက္ကဋ္ဌ ရောဘတ်တာ မတ်ဆလာ ကလည်း  "X" မှာ ပို့စ်တင်ထားပါတယ်။

အသက် ၃၂ နှစ်အရွယ် အမေရိကန်လူမျိုး ဂါရှ်ကိုဗစ်ချ်ဟာ တင့်ကားစက်ရုံနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို စုဆောင်းဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့လက ယယ်ကက်ထရင်ဘာ့ဂ်မြို့မှာ  ရုံးတင်စစ်ဆေးခံခဲ့ရတာပါ။ 

သူကတော့ ဘာအပြစ်မှ မကျူးလွန်ထားကြောင်း ငြင်းဆိုခဲ့ပါတယ်။ အီဗန်ဂါရှ်ကိုဗစ်ချ် ဟာ စစ်အေးခေတ်နောက်ပိုင်း ရုရှားမှာ သူလျှိုလုပ်တယ်လို့ စွပ်စွဲခံရတဲ့ ပထမဆုံး အမေရိကန် သတင်းထောက်ဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လမှာ သူ့ရဲ့အဖမ်းဆီးခံရမှုကြောင့် အမေရိကန်နဲ့ တခြား အနောက်တိုင်းသတင်းထောက် အများအပြားဟာ မော်စကိုမှ ထွက်ခွာကုန်ကြပါတယ်။

တရားရုံးမှ ထုတ်ပြန်တဲ့ သောကြာနေ့ ကြားနာမှုဗီဒီယိုထဲမှာ တီရှပ်နဲ့ အနက်ရောင် ဘောင်းဘီရှည် ကို ၀တ်ဆင်ထားပြီး မှန်ခန်းအတွင်း လှောင်အိမ်ထဲမှာ ရပ်နေတဲ့ ဂါရှ်ကိုဗစ်ချ်ဟာ အမြန်နှုန်းနဲ့ ဖတ်ကြားနေတဲ့ ၄ မိနစ်နီးပါးရှိတဲ့ တရားရုံး စီရင်ချက်ကို နားထောင်ခဲ့ပါတယ်။ 

သူ့မှာ မေးခွန်းတွေရှိလားလို့ တရားသူကြီးက မေးတာမှာ “မရှိဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။ တရားသူကြီး အန်ဒရေး မင်နီယက်ဗ် က ဂါရှ်ကိုဗစ်ချ်ဟာ အဖမ်းခံရပြီးနောက် ၁၆ လနီးပါး ပြစ်ဒဏ်ကျခံခဲ့ပြီးဖြစ်တာကြောင့် ၁၆ နှစ်တာ ထောင်ဒဏ်ထဲမှာ ထည့်တွက်သွားမယ် လို့ ပြောကြားခဲ့ပါတယ်။ 

သောကြာနေ့အစောပိုင်းက ရိုက်တာသတင်းဌာနဟာ ဂါရှ်ကိုဗစ်ချ်ကို အကျဉ်းသားဖလှယ်တဲ့ အစီအစဉ်ထဲ ပါဝင်နိုင်မလားလို့ မေးမြန်းရာမှာတော့ ကရင်မလင်နန်းတော်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ မေးခွန်းကို မဖြေကြားပါဘူးလို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က ပြောပါတယ်။

 Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013