DVB Logo
Home
အားကစား
လက်ဗလာဖြင့် တိုက်ခိုက်ရသည့် BKFC ကစားနည်းအကြောင်း မက်ဂရီဂေါ ရှင်းပြ
DVB
·
July 20, 2024
လက်ဗလာဖြင့် တိုက်ခိုက်ရသည့် BKFC ကစားနည်းအကြောင်း မက်ဂရီဂေါ ရှင်းပြ
Donate to DVB

MMA ဖိုက်တာ မက်ဂရီဂေါဟာ BKFC ချန်ပီယံရှစ်ပြိုင်ပွဲ လိုက်ဝိတ်တန်း ခါးပတ်လုပွဲမှာ အစီအစဉ် တင်ဆက်ခဲ့ပါတယ်။

မက်ဂရီဂေါဟာ BKFC ပူးတွဲပိုင်ဆိုင်သူဖြစ်ပြီး အာဂျင်တီးနားက တီနတ်လီယာနဲ့ အမေရိကန်က တိုနီဆိုတိုတို့ တွဲဆိုင်းကို ကြေညာခဲ့ပြီး BKFC ကစားနည်းအကြောင်း ရှင်းပြခဲ့ပါတယ်။

“ဒါဟာ လက်ဝှေ့မဟုတ်ပါဘူး။ လက်ဗလာနဲ့ တိုက်ခိုက်ရတဲ့ တိုက်ခိုက်မှုဖြစ်ပြီး MMA လည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီပြိုင်ပွဲဟာ တခြားအားကစားနည်းတွေနဲ့ မတူဘဲ စိတ်လှုပ်ရှားစရာ ကောင်းမှာပါ။ ဒီကစားနည်းက တခြားထိုးသတ်နည်းတွေက ကစားသမားတွေ အားလုံးရဲ့ လေးစားမှုတွေ ပိုများလာတဲ့ ကစားနည်းတခုပါ” လို့ မက်ဂရီဂေါက ပြောပါတယ်။

BKFC  ဟာ လက်ဝှေ့အိတ် အသုံးမပြုရဘဲ ပတ်တီး၊ တိတ်တို့ လက်မှာပတ်ပြီး တိုက်ခိုက်ရတဲ့ ကစားနည်းတမျိုးဖြစ်ပြီး အမေရိကန် ဖီလာဒဲလ်ဖီးယားမှာ ၂၀၁၈ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013