DVB Logo
Home
မြန်မာသတင်း
ရူပီး-ကျပ် ငွေပေးချေမှုအတွက် မြန်မာဘဏ် ၈ ခုကို အိန္ဒိယ အတည်ပြု
DVB
·
July 20, 2024
ရူပီး-ကျပ် ငွေပေးချေမှုအတွက် မြန်မာဘဏ် ၈ ခုကို အိန္ဒိယ အတည်ပြု
Donate to DVB

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ ရူပီးနဲ့ ကျပ် ငွေပေးချေမှု ဆောင်ရွက်ဖို့ မြန်မာနိုင်ငံဘက်က နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ဘဏ် ၁၁ ဘဏ်ကို အဆိုပြုခဲ့ရာမှာ ၈ ဘဏ်ကို အိန္ဒိယအစိုးရဘက်က အတည်ပြုခဲ့တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှုမှာ ရူပီးနဲ့ ကျပ် ငွေပေးချေမှုကို ဆောင်ရွက်နိုင်ဖို့အတွက် နှစ်နိုင်ငံဘဏ်တွေအကြား Special Rupee Vostro Account (SRVA) ကို အသုံးပြုပြီး ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုဆောင်ရွက်ရာမှာ မြန်မာနိုင်ငံဘက်က အဆိုပြုခဲ့တဲ့ ဘဏ် ၁၁ ထဲက ယူအေဘီဘဏ်နဲ့ CB ဘဏ်အပြင် ကမ္ဘာ့ရတနာဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်နဲ့ ရွှေ (ကျေးလက်နှင့် မြို့ပြ) ဖွံဖြိုးတိုးတက်ရေးဘဏ်တို့ကို အိန္ဒိယအစိုးရရဲ့ Reserve Bank of India က ထပ်မံအတည်ပြုပေးခဲ့တာဖြစ်ပြီး နိုင်ငံပိုင်ဘဏ်ဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်ကတော့ ဆောင်ရွက်ခွင့်ရတဲ့ဘဏ်အဖြစ် အတည်ပြုခြင်း မရှိသေးပါဘူး။

စစ်ကောင်စီက အမေရိကန်ဒေါ်လာအပေါ် မှီခိုမှု လျှော့ချဖို့ ကုန်သွယ်ရေးမှာ ဘတ်၊ ယွမ်၊ ရူပီး တို့နဲ့ တိုက်ရိုက်ငွေပေးချေမှုကို ကြိုးပမ်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက အိန္ဒိယအစိုးရရဲ့ ဘဏ်ဖြစ်တဲ့ Punjab National Bank၊ မြန်မာနိုင်ငံဘက်က ယူအေဘီဘဏ်နဲ့ CB ဘဏ်တို့ကို အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ Special Rupee Vostro Account (SRVA) ကို အသုံးပြုပြီး ရူပီးနဲ့ ကျပ် ငွေပေးချေမှုတွေ ဆောင်ရွက်ခွင့်ရတဲ့ (Designated Bank) ဘဏ်တွေအဖြစ် ကနဦး ခွင့်ပြုခဲ့ပါတယ်။

ထပ်မံပြီး ကျန်ရှိတဲ့ ၆ ဘဏ်ကို ဆောင်ရွက်ခွင့်ရတဲ့ (Designated Bank) ဘဏ်တွေအဖြစ် ခွင့်ပြုနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013