DVB Logo
Home
မြန်မာသတင်း
နတ်မော်ချောင်းရိုးတွင် တံတားသစ် တည်ဆောက်ပေးရန် ဒေသခံများတောင်းဆို
DVB
·
September 27, 2014
နတ်မော်ချောင်းရိုးတွင် တံတားသစ် တည်ဆောက်ပေးရန် ဒေသခံများတောင်းဆို
1 / 6
Donate to DVB

ဟင်္သာတ မြို့နယ်အတွင်းက နတ်မော်ချောင်းရိုးအတွင်း လူအများ နေ့စဉ်အသုံးပြုနေတဲ့ ၀ါးဗောတံတားဟာ အန္တရာယ်ရှိတဲ့အတွက် အခိုင်အမာတံတားအဖြစ် တည်ဆောက်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ကြပါတယ်။

ဟင်္သာတမြို့နယ်တွင်းက နတ်မော်တိုက်နယ်နဲ့ ဒူးယားတိုက်နယ်ကို ဆက်သွယ်ထားတဲ့ နတ်မော်ချောင်းဖြတ် ၀ါးဗောတံတားကို အနီးအနားက ကျေးရွာ ၁၀ ရွာက ကျောင်းသားကျောင်းသူတွေ အပါအ၀င် နေ့စဉ် လူအများ ဖြတ်သန်းသွားလာနေတာကြောင့် အခိုင်အမာ တံတားအဖြစ် ဆောက်လုပ်ပေးစေချင်ကြတာပါ။

အဲဒီဒေသခံတွေဟာ သင်္ဃန်းပင်ဆိပ်ကျေးရွာနှင့် မြေခြားကျေးရွာကြား နတ်မော်ချောင်းရိုး အကျယ်ပေ ၂၆၀ ကို ၀ါးဗောတံတားနဲ့ပဲ ဖြတ်သန်းနေရတဲ့အတွက် ကျောင်းသားကလေးငယ်တွေ အန္တရာယ်များတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာမက “ကျောင်းသားတွေကတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ၀န်ထမ်းတွေ အားလုံးပေါင်းရင် ၁၀၀ ကျော်လောက် ဖြတ်ကူးနေရတာပဲ။ ဒီဝါးတံတားလေးကို ကျမတို့ ၀န်ထမ်းတွေရော ကျောင်းသားတွေရော အကုန်ကူးရတာ အန္တရာယ် ရှိပါတယ်။ အဓိက ကလေးတွေက ဗော့တံတားက မဆက်တဲ့အခါကျတော့ အမှတ်တမဲ့ကူးမိရင် ချော်ကျတဲ့ အနေအထားတွေ ရှိတတ်ပါတယ်။ ကျမတို့တောင် မနည်း တံတားက မကောင်းတဲ့အတွက် မနည်းကူးနေရတာ ကလေးတွေဆို ပိုပြီး အန္တရာယ် ရှိပါတယ်။ ကျမတို့လည်း ကြောက်ရတယ်။ မဖြစ်လို့သာ ကူးနေရတာ။ ဒီတံတားသာ ကျောက်တံတားကြီး ဖြစ်ရင် ကလေးတွေအတွက်ရော ကျမတို့ ၀န်ထမ်းတွေ အတွက်ရော အလယ်တန်းအထက်တန်း ဂျီတီစီ ကျောင်းသားတွေ အတွက်ရော အကောင်းဆုံးဖြစ်ပါတယ်လို့ ကျမထင်မြင်မိပါတယ်”လို့ ပြောပါတယ်။

အခုနတ်မော်ဝါးဗော့တံတားကိုသာ အဆင့်မြှင့်ပြီး ခိုင်မာတဲ့ တံတားဆောက်ပေးနိုင်ခဲ့ရင် တံတားကို မှီခိုနေရတဲ့ ကျေးရွာ ၁၀ ရွာက လူဦးရေ ၂သောင်း၂ထောင်ကျော်အပါအ၀င် ဒူးယားတိုက်နယ်တခုလုံး ခရီးလမ်းပန်း လွယ်ကူချောမွေ့သွားမယ်လို့လဲ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ကိုကျော်စိုး က “ဒီတံတားကိုသာ ဆောက်လုပ်ပေးမယ် ဆိုလို့ရှိရင် ဖြတ်လမ်း သဘောလည်း ဖြစ်နေတယ်။ လူမှုရေးကျန်းမာရေး စီပွားရေးအားလုံးဟာ ဒီကျေးရွာတွေမှာ အကုန်လုံး ဖွံ့ဖြိုးတိုးတက် သွားမှာ သေချာတယ် ဒီလမ်းက။ ဟင်္သာတမြို့ကို သွားမယ်ဆိုလည်း ဒီလမ်းက ယာဉ်ပတ်လမ်းသဘောမျိုြးုဖစ်နေတဲ့အတွက် အားလုံး အသုံးဝင်မှာပါ၊ အကျိုး ရှိမှာပါ”လို့ ပြောပါတယ်။

ဝါးဗော့တံတားနှင့် ဆက်စပ်ရာ လမ်းပိုင်းဖြစ်တဲ့ ဒူးယား-ရွှေတောင်သာရ- အုန်းပင်ကွင်း လမ်းပိုင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့နဲ့ ဒေသခံတွေ ဦးစီးပြီး အကျယ် ၁၈ ပေ၊ အရှည် ၄ မိုင် ၁ ဖာလုံ လမ်းပိုင်းအဖြစ် ဖောက်လုပ်ထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
နတ်မော်ချောင်းရိုးတွင် တံတားသစ် တည်ဆောက်ပေးရန် ဒေသခံများတောင်းဆို