DVB Logo
Home
အားကစား
အင်္ဂလန်နည်းပြရာထူးကို ဂျာမနီနည်းပြဟောင်း ဂျိုအာချင်လို စိတ်ဝင်စား
DVB
·
July 19, 2024
အင်္ဂလန်နည်းပြရာထူးကို ဂျာမနီနည်းပြဟောင်း ဂျိုအာချင်လို စိတ်ဝင်စား
Donate to DVB

ဂျာမနီလက်ရွေးစင်နည်းပြဟောင်း ဂျိုအာချင်လိုဟာ လစ်လပ်နေတဲ့ အင်္ဂလန်နည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

အင်္ဂလန်အသင်းဟာပြီးခဲ့တဲ့ရက်ပိုင်းကပဲ နည်းပြဆောက်ဂိတ် ရဲ့ နုတ်ထွက်မူကို လက်ခံခဲ့ပြီး နည်းပြသစ်တစ်ဦးအစားထိုးဖို့ ဆွေးနွေးမူတွေလုပ်ဆောင်နေတာပါ။ တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီအပါအဝင် အင်္ဂလိပ်လူမျိုးနည်းပြတွေကို ခန့်အပ်ဖို့ သတင်းထွက် နေပေမဲ့ ဂျာမနီနည်းပြဟောင်းဂျိုအာချင်လိုးနဲ့လဲ သတင်းထွက်ပေါ်လာခဲ့တာပါ။ အသက်၆၄နှစ်ရှိ  နည်းပြဟာ ဂျာမနီအသင်းကို ၂၀၁၄ ခုနှစ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့သူပါ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ လတ်တလောမှာတော့ ယူ၂၁ နည်းပြ လီးကာစလေကို ယာယီ နည်းပြအဖြစ် တာဝန်ပေးထားမယ်လို့သိရပါတယ်။ ဂျိုအာချင်လိုးဟာ ဂျာမနီကို  ၂၀၀၆ခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိ ၁၅နှစ်ကြာတာ ဝန်ယူခဲ့သူဖြစ်ပြီးတခြားကလပ်တွေကိုလဲတာဝန်ယူခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013