DVB Logo
Home
အားကစား
မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ကို ပေါင်သန်း ၃၀ ခန့်ဖြင့်  မာဆေးလ်အသင်းခေါ်ယူ
DVB
·
July 18, 2024
မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်ကို ပေါင်သန်း ၃၀ ခန့်ဖြင့်  မာဆေးလ်အသင်းခေါ်ယူ
Donate to DVB

ပြင်သစ်ကလပ် မာဆေးလ်အသင်းဟာ မန်ယူတိုက်စစ်ကစားသမား မေဆန်ဂရင်းဝုဒ်ကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိ အင်္ဂလန်ကစားသမားဟာ မနေ့ညက မာဆေးအသင်းဆီရောက်ရှိလာခဲ့ပြီး တရားစာချုပ်ချုပ်ဆိုမှုတွေ လုပ်ဆောင်နေပါတယ်။

မာဆေးလ်အသင်းက ကနဦးပေါင် ၂၇ သန်းပေးချေခဲ့ပြီး စွမ်းဆောင်အပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၃ ဒသမ ၂သန်း ပေချေသွားရမှာပါ။

ဂရင်းဝုဒ်ဟာ ၂၀၂၂ ခုနှစ်အတွင်းက အနေတူချစ်သူအပေါ် အိမ်တွင်းအကြမ်းဖက်ပြုလုပ်မှု၊ အလိုမတူဘဲ အဓ္ဓမကျင့်မှုစတဲ့ စွဲချက်တွေနဲ့ အမှုရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းမှာ ပြန်လည်လွတ်မြောက်ခဲ့တာပါ။

အဲဒီကိစ္စအပေါ် မန်ယူအသင်းက လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး အသင်းနဲ့ ပူးပေါင်းခွင့်မပေးတော့တာ ယနေ့အချိန်ထိဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ပြီးခဲ့ရာသီက စပိန်ကလပ် ဂီတာဖေးမှာ အငှားထွက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ ပါတယ်။

Photo- Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013