DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလား‌ဒေ့ရှ် ဆန္ဒပြမှုအတွင်း လူ ၅ ဦး သေဆုံး
DVB
·
July 17, 2024
ဘင်္ဂလား‌ဒေ့ရှ် ဆန္ဒပြမှုအတွင်း လူ ၅ ဦး သေဆုံး
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း  အစိုးရအလုပ်နေရာတွေမှာ ခွဲတမ်းစနစ်ကို ဖယ်ရှားပေးဖို့ တောင်းဆိုကြတဲ့ ဆန္ဒပြမှုတွေအတွင်း အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၆ ရက်မှာ ပြောကြားပါတယ်။

လူငယ်တွေ အလုပ်လက်မဲ့ပြဿနာ မြင့်မားနေတဲ့ကြားမှာ အစိုးရကဏ္ဍအလိုက် အလုပ်အကိုင် ခွဲတမ်းတွေအဖြစ် ၁၉၇၁ ခုနှစ် လွတ်လပ်ရေးစစ်ပွဲမှ လွတ်လပ်ရေးတိုက်ပွဲဝင် မိသားစုဝင်တွေအတွက် ခွဲတမ်း ၃၀ ရာခိုင်နှုန်း နေရာချန်ထားမှု အပါအဝင် အလုပ်အကိုင် ခွဲတမ်းစနစ်ကို ဆန္ဒပြသူတွေက ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲကို တန်ပြန်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာရ အဝါမီလိဂ်ပါတီရဲ့ လက်နက်ကိုင် ကေဒါတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကလည်း သူတို့နဲ့ ဘက်တူတဲ့ ကျောင်းသားတပ်ဖွဲ့တွေနဲ့အတူ အင်္ဂါနေ့မှာ နိုင်ငံတဝန်းရှိ လမ်းတွေပေါ်ကို ချီတက်ခဲ့ကြပါတယ်။

ဇူလိုင် ၁၅ ရက် ညပိုင်းက နိုင်ငံတဝန်းမှာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပါတယ်။ တုတ်တွေ၊ ဘောလုံးရိုက်တံတွေ ဝှေ့ယမ်းပြီး ဟဲလ်မက်ဦးထုပ်တွေနဲ့ လက်ကိုင်သေနတ်တွေကို ကိုင်ဆောင်ထားတဲ့ အာဏာရပါတီက ကေဒါတွေဟာ ဒါကာမြိုတော်ရှိ နေရာအများအပြားမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားနေချိန်မှာ ဆန္ဒပြသူတွေကို သစ္စာဖောက်တွေလို့ တံဆိပ်တပ်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာကလည်း တရားရုံးစွဲချက်တွေကို ကိုးကားပြီးတော့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့ ငြင်းဆိုခဲ့ပြီးနောက်မှာ ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက်ကတည်းက ဝန်ကြီးချုပ် ဟာဆီနာရဲ့ ပါတီကို ထောက်ခံသူတွေဟာ စုဝေးခဲ့ကြပြီး ဒါကာရှိ အဓိကလမ်းတွေကို ပိတ်ဆို့ထားကာ အစိုးရအလုပ်ခွဲတမ်းစနစ်ကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုနေကြတဲ့ ဆန္ဒပြသူတွေကို ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ဒါဟာ ဇန်နဝါရီလမှာ ၄ ကြိမ်မြောက် သက်တမ်းကို အနိုင်ရခဲ့တဲ့ ဟာစီနာရဲ့ အစိုးရကို ပထမဆုံးအကြိမ် ဆန့်ကျင်ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013