
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့အနီး လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေးစခန်း အနီးမှာ တာချီလိတ် မူးယစ်တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က သေနတ်ကျည်ဆန်တွေကို စက်တင်ဘာ ၂၅ ရက်နေ့က ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ထန်ပါကျုံရပ်ကွက်ဘက်ကနေ တာချီလိတ်ဘက်ကို စက်ဘီးစီးနင်း ရောက်ရှိလာတဲ့ ဦးတင့်ဇော်ကို စစ်ဆေးရှာဖွေရာ ကာကီရောင် ဇစ်တပ်လွယ်အိတ် အတွင်းရှိ BULLET MASTER CO,LTD တံဆိပ်ပါ အနက်ရောင် စက္ကူဘူးအတွင်းမှ ထိုင်းနိုင်ငံထုတ် ပွိုင့် ၃၈ အမျိုးအစား ပစ္စတိုကျည် ၅၀ တောင့်စီပါ ၃ ဘူး၊ အားလုံးပေါင်း ကျည်တောင့် ၁၅၀ တောင့် သိမ်းဆည်းရမိပါတယ်။
တရားမ၀င် လက်နက်ခဲယမ်းများကို သယ်ဆောင်လာတဲ့ ဦးတင့်ဇော်ကို တာချီလိတ်မြို့မ ရဲစခန်းမှာ လက်နက်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ တာချီလိတ်မူးယစ်အထူးရဲရုံး တာဝန်ကျရဲဝန်ထမ်းက ပြောပါတယ်။
[gallery ids="66076,66077,66078,66079,66080,66081,66082"]











