DVB Logo
Home
မြန်မာသတင်း
မိုဘိုင်းမ်အဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့အကြား စစ်ဆေးတွေ့ရှိမှုအပေါ် ညှိနှိုင်းနေ
DVB
·
September 26, 2014
မိုဘိုင်းမ်အဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့အကြား စစ်ဆေးတွေ့ရှိမှုအပေါ် ညှိနှိုင်းနေ
Donate to DVB

မော်တော်ယာဉ် ကြီးကြပ်ရေးကော်မတီက ခွင့်မပြုထားတဲ့ လိုင်စင်မဲ့မော်တော်ယာဉ် ကိုယ်ထည်အစိတ်အပိုင်း တင်သွင်းမှုကို မိုဘိုင်းမ်အဖွဲ့က စစ်ဆေး တွေ့ရှိခဲ့ပေမယ့် အကောက်ခွန်ဦးစီးဌာနက ဒဏ်ကြေးဖြင့် ခွင့်ပြုလိုက်တာကြောင့် ယင်းဖြစ်စဉ်အပေါ် ဌာန ၂ ခုအကြား အချင်းချင်း ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ မိုဘိုင်းမ်အဖွဲ့က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွေ ဖြစ်တဲ့ အေးရှားဝေါလ်၊ မြန်မာ့ဆိပ်ကမ်းနဲ့ ထီးတန်းဆိပ်ကမ်းတွေမှာ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးမိုဘိုင်းမ်အဖွဲ့က လိုင်စင်မဲ့ မော်တော်ယာဉ်ကိုယ်ထည် အစိတ်အပိုင်းတွေကို ရှာဖွေ တွေ့ရှိခဲ့ပေမယ့် အကောက်ခွန်ဦးစီး ဌာနက ဒဏ်ကြေးဖြင့် ခွင့်ပြုပေးလိုက်တာပါ။

Car Import From Thailand copyဒါကြောင့် ဒီဖြစ်စဉ်အပေါ် အကောက်ခွန်ဦးစီးဌာနဲ့ စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ မိုဘိုင်းမ်အဖွဲ့တို့အကြားမှာ ဌာနအချင်းချင်း လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်နေတဲ့အကြောင်း မိုဘိုင်းမ်အဖွဲ့က ကွပ်ကဲမှုတာဝန်ခံ ဦးရန်နိုင်ထွန်းက ဒီဗွီဘီကို အခုလိုပြောပါတယ်။

“တချို့ ဥစ္စာတွေက စီအို မပါတဲ့ဟာတွေ ရှိတယ်။ တချို့ဥစ္စာတွေက အမှတ်တံဆိပ်မပါတဲ့ ဟာတွေ ရှိတယ်။ ဒီဟာလေးတွေ တွေ့လာရတယ်။ နောက်တခါ တချို့ကားတွေပေါ့။ ဥပမာ ဆိုရင် ထရပ်ကားတွေကို လိုင်စင်မပါတဲ့ ဘော်ဒီ တင်သွင်းခွင့် ကျနော်တို့ မပြုထားဘူး။ အဲဒါမျိုးတွေကို သက်ဆိုင်ရာ ဒဏ်ကြေးနဲ့ ပေးသွင်းတာတွေ ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီးတော့ လုပ်နေပါတယ်။ ဒီဖြစ်စဉ်လေးတွေ တွေ့လို့ ဌာနချင်းပြန်ပြီး လိုအပ်တာဆောင်ရွက် နေပါတယ်။”

ဒါနဲ့ ပတ်သက်လို့ အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးထွန်းသိန်းက ပုံမှန် ဒါမှမဟုတ် စီမံချက်နဲ့ တင်သွင်းလာတဲ့ မော်တော်ယာဉ်၊ ယန္တရားတွေနဲ့ အထွေထွေ ကုန်ပစ္စည်းတွေ တင်သွင်းရာမှာ ခွင့်ပြုချက်၊ သတ်မှတ်ချက်တို့နဲ့ ဆန့်ကျင်ကွဲလွဲတဲ့ တင်သွင်းမှု အမျိုးမျိုးကို စစ်ဆေးတွေ့ရှိပါက ပင်လယ်အကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ အရ အရေးယူ ဆောင်ရွက်မှုရှိတဲ့အကြောင်း အခုလိုပြောပါတယ်။

“အဓိက ပင်လယ်ကြောင်းအကောက်အခွန် ဥပဒေပေါ့။ ဥပဒေအရ ဆောင်ရွက်ရတဲ့ အနေအထားမှာ ဥပဒေကို ကျောထောက်နောက်ခံပြုပြီးတော့ ဒီဘက်က တင်သွင်းတင်ပို့တဲ့ ပစ္စည်းတွေကို ကျနော်တို့က ဒဏ်ကြေးဇယားတွေ ထုတ်ပြန်တယ်။ အဲဒါတွေက ပုဒ်မတွေ ရှိတယ်။ နောက် ပြစ်ဒဏ်တွေ ရှိတယ်။ အဲဒီဇယားထဲမှာ ပါတဲ့ စည်းကမ်းချက်နဲ့ မကိုက်ညီရင် ဇယားပါ နှုန်းထားအတိုင်း တခါတည်း ဒဏ်ရိုက်တယ်။”

ဒီပြင် အကောက်ခွန်ဦးစီးဌာနက ၂၀၁၄ခုနှစ် သြဂုတ် ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ရုံးတွင်း ညွှန်ကြားလွှာအမှတ် ၁၅/၂၀၁၄ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းတဲ့ ကုန်ပစ္စည်းတွေနဲ့ စပ်လျဉ်းပြီး ပစ္စည်းပိုင်ရှင်က ဒဏ်ငွေ ပေးဆောင်လိုကြောင်း တင်ပြလာပါက ပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းအစား ပင်လယ်အကောက်ခွန်အက်ဥပဒေ ၁၈၃ နဲ့အညီ ပေးဆောင်ခွင့်ပြုတဲ့ ဒဏ်ငွေပမာဏနဲ့အညီ ပေးဆောင်ခွင့်ပြုတဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013