
လာမယ့် ၂၀၀၆ ခုနှစ်ကျရင် မြန်မာပြည်က အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီး ဆေးစားဖို့ လိုနေသူစုစုပေါင်းရဲ့ ၁၀ ပုံ ၉ ပုံ နီးပါးကို ရောဂါတန့်ဆေး ART ဆေးဝါးကူညီပေးနိုင်မယ်လို့ မြန်မာနိုင်ငံ အမျိုးသား အေအိုင်ဒီအက်ဖ် ရောဂါတိုက်ဖျက်ရေး အစီအစဉ်ရဲ့လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ဒီဗွီဘီကို ပြောပါတယ်။
အစိုးရအနေနဲ့ မြို့နယ်ပေါင်း ၁၀၀ ကျော်က ပြည်သူ့ဆေးရုံတွေမှာ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေ အခမဲ့ဆေးကုနိုင်အောင် စီစဉ်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
ဒီဗွီဘီ သတင်းထောက် ကိုပီတာအောင်က ဒေါက်တာ ထွန်းညွန့်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံ နားဆင်နိုင်ပါပြီ။










