DVB Logo
Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ်ကို ဆက်သွယ်ရန် အစီအစဉ်မရှိဟု ရုရှား ပြော
DVB
·
July 16, 2024
ဒေါ်နယ်ထရမ့်ပ်ကို ဆက်သွယ်ရန် အစီအစဉ်မရှိဟု ရုရှား ပြော
Donate to DVB

အမေရိကန်နိုင်ငံက ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းကိုယ်စားလှယ်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် လုပ်ကြံဖို့ ကြိုးစားခံရအပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒေါ်နယ်ထရမ့်ပ်ကို မဆက်သွယ်ခဲ့သလို ဆက်သွယ်ဖို့လည်း အစီအစဉ်မရှိဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။

ပူတင်ရဲ့ ဝန်းကျင်က လုံခြုံရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မေးရာမှာတော့ ပူတင်ဟာ သင့်တော်တဲ့ အကာအကွယ် အဆင့်အတန်းကို ခံစားနေပါတယ်လို့ ကရင်မလင် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

ထရမ့်ပ်ရဲ့ကိစ္စနဲ့ မဆိုင်ဘဲ သိသာတဲ့ အကြောင်းပြချက်တွေကြောင့် လုံခြုံရေးကို အားဖြည့်ထားပြီးသားပါလို့ ပဲ့စ်ကို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။

စနေနေ့က ထရမ့်ပ်ကို လုပ်ကြံဖို့ ကြိုးစားမှုအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိတယ်လို့ မယုံပေမဲ့ တိုက်ခိုက်မှုကို ဆွပေးရာရောက်တဲ့ အခင်းအကျင်းကို ဖန်တီးပေးခဲ့တယ်လို့တော့ ကရင်မလင်က စွပ်စွဲပါတယ်။

ထရမ့်ပ်ဟာ လုံခြုံရေး အကြီးအကျယ် လစ်ဟင်းအပြီး ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က မဲဆွယ်ပွဲမှာ နားရွက်ကို သေနတ်ထိမှန်ခဲ့ပါတယ်။

တိုက်ခိုက်သူကိုတော့ အသေပစ်သတ် ဖမ်းဆီးခဲ့ပြီး လုပ်ကြံရတဲ့ အကြောင်းရင်းကို မဖော်ထုတ်ရသေးဘူးလို့ ဥပဒေအရာရှိတွေက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပူတင်က လူသိရှင်ကြား မှတ်ချက်မပေးသေးပါဘူး။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013