DVB Logo
Home
Lead Story
မြို့ပတ်ရထား အဆင့်မြှင့်ရန် ဒေါ်လာ သန်း ၇၀၀ ကုန်နိုင်
DVB
·
September 26, 2014
မြို့ပတ်ရထား အဆင့်မြှင့်ရန် ဒေါ်လာ သန်း ၇၀၀ ကုန်နိုင်
Donate to DVB

Trainလက်ရှိ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ မြို့ပတ်ရထားလမ်းတွေနဲ့ ရထားတွေကို အဆင့်မြှင့်တင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ လောက် ကုန်ကျနိုင်တယ်လို့ တွက်ချက်ထားကြောင်း မြန်မာ့မီးရထားက သတင်းထုတ်ပြန်ပါတယ်။

မြို့ပတ်ရထား အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေကို ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (ဂျိုက်ကာ)ရဲ့ အကူအညီနဲ့ စီမံကိန်းရေးဆွဲတာ လုပ်ခဲ့ပြီးနောက် ခုလို ခန့်မှန်း ကုန်ကျစရိတ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီ စီမံကိန်းထဲမှာ ရထားလမ်းစနစ်တွေကို အဆင့်မြှင့်တင်တာ၊ ရထားစက်ခေါင်းနဲ့ တွဲတွေကို အသစ်လဲလှယ်တာတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ခုလို အဆင့်မြှင့်တင်ပြီးရင် မြို့ပတ်ရထားတွေအနေနဲ့ အရှိန်နှုန်းကို ၁ နာရီ မိုင် ၃၀ ကနေ ၈၀ အထိ မောင်းနှင်နိုင်မှာ ဖြစ်ပြီး နိုင်ငံတကာမှာလို သတ်မှတ်ချိန်အတိုင်း ဘူတာတွေဆီ ဆိုက်ရောက် ထွက်ခွာနိုင်မယ်လို့ မြန်မာ့မီးရထားဌာန ရန်ကုန်တိုင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013