DVB Logo
Home
နိုင်ငံတကာ
အီကွေဒေါသမ္မတလောင်းအား သတ်ဖြတ်မှုအတွက် လူ ၅ ဦးကို ထောင်ဒဏ် ၁၂ နှစ်မှ ၃၄ နှစ်အထိ ချမှတ်
DVB
·
July 13, 2024
အီကွေဒေါသမ္မတလောင်းအား သတ်ဖြတ်မှုအတွက် လူ ၅ ဦးကို ထောင်ဒဏ် ၁၂ နှစ်မှ ၃၄ နှစ်အထိ ချမှတ်
Donate to DVB

အီကွေဒေါသမ္မတလောင်း ဖှနန်ဒို ဗီလာဗင်ဆန်စီယိုအား သတ်ဖြတ်မှုအတွက် အီကွေဒေါ တရားရုံးက ဇူလိုင် ၁၂ ရက်မှာ လူ ၅ ဦးကို ထောင်ဒဏ် ၁၂ နှစ် ကနေ ၃၄ နှစ်အထိ ချမှတ်ခဲ့ပါတယ်။ 

ဒီတရားခွင်ကို ဇွန်လကုန်မှာ စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဂျာနယ်လစ် တဦးလည်းဖြစ်တဲ့ ဥပဒေပြုလွှတ်တော် အမတ်ဟောင်း ဗီလာဗင်ဆန်စီယိုဟာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ လူထုစုဝေးပွဲကနေ ထွက်ခွာသွားချိန်မှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး အီကွေဒေါ နိုင်ငံမှ ဆူပူအုံကြွအကြမ်းဖက်မှုတွေရဲ့ အထင်ရှားဆုံး သားကောင်ဖြစ်လာခဲ့ပါတယ်။ 

၂၀၂၄ ခု ဇန်နဝါရီမှာ သမ္မတ ဒယ်နီယယ် နိုဘိုအာက အကြမ်းဖက်စာရင်း ကြေညာခဲ့တဲ့ ဂိုဏ်း ၂၂ ဂိုဏ်းထဲမှာ လော့စ်လိုဘိုစ် ရာဇ၀တ်ဂိုဏ်းမှ တရားခံ ၂ ဦးထက်မနည်း တရားစွဲ ခံခဲ့ရပါတယ်။ 

ရှေ့နေချုပ်ရုံးရဲ့ အဆိုအရ ကိုယ်ပျောက်လူ လို့ လူသိများတဲ့ ကားလော့စ် အက်ဒွင် အန်ဂူလို လာရာ က ထောင်ကနေ ဗီလာဗင်ဆန်စီယိုကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့ပြီး လော်ရာ ဒါယာနရာ ကက်စ်တီလို က ထောက်ပံ့ရေးပိုင်း တာဝန်ခံ ဖြစ်ပါတယ်။ 

တိုက်ရိုက်ကျူးလွန်သူ အန်ဂူလို နဲ့ ပူးတွဲစီစဉ်သူ ကက်စ်တီလိုတို့ ၂ ဦးစလုံးကို ထောင်ဒဏ် ၃၄ နှစ်နဲ့ ၈ လ ချမှတ်ခဲ့ပြီး ကြံရာပါ ၃ ဦးကိုတော့ ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။ တရားလိုနဲ့ တရားပြိုင် ၂ ဖက်လုံးမှ အယူခံဝင်နိုင်ပါတယ်။ 

ဗီလာဗင်ဆန်စီယိုရဲ့ ညီမနဲ့ သူ့ဇနီးရဲ့ ရှေ့နေတို့ဟာ ဒီစီရင်ချက်ကို ကွယ်လွန်သူ သမ္မတလောင်း အတွက် တရားမျှတမှု အပြည့်အ၀ ရရှိစေမယ့် ပထမခြေလှမ်းအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013