DVB Logo
Home
နိုင်ငံတကာ
ဖော်မြူလာဝမ်းချန်ပီယံ Red Bull  အသင်းက ဒေါ်လာ ၇ ဒသမ ၇ သန်းတန် ဟိုက်ပါကား ပြသ
DVB
·
July 13, 2024
ဖော်မြူလာဝမ်းချန်ပီယံ Red Bull  အသင်းက ဒေါ်လာ ၇ ဒသမ ၇ သန်းတန် ဟိုက်ပါကား ပြသ
Donate to DVB

လက်ရှိ ဖော်မြူလာဝမ်း ပြိုင်ကားမောင်းချန်ပီယံအသင်းဖြစ်တဲ့ Red Bull (ရက်ဒ်ဘူးလ်)က သူတို့ရဲ့ RB17 Hypercar ကို ဂွတ်ဒ်ဝုဒ်အမြန်နှုန်းပွဲတော်မှာ ပြသခဲ့ပါတယ်။ 

အသင်းကထွက်ခွာတော့မဲ့ ဒီဇိုင်နာ အက်ဒရီယန်နယူးဝေးရဲ့ အကောင်းဆုံးဒီဇိုင်းတွေကို ပေါင်းစပ် ထားတဲ့ ကားဖြစ်တယ်လို့  အသင်းဦးဆောင်သူ ခရစ်တီယန် ဟော်နာက ပြောပါတယ်။

ကားပြိုင်ကွင်းမှာပဲ မောင်းလို့ရပြီး ၁ နာရီ ကီလိုမီတာ ၃၅၀ မြန်နှုန်း ထိမောင်းနှင်နိုင်တဲ့ RB17 ကား အစီး ၅၀ သာ လာမဲ့ ၃ နှစ်အတွင်း ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ 

အစီး ၅၀ စလုံး ဗြိတိသျှစတာလင်ပေါင်ခြောက် သန်း (ဒေါ်လာ ၇ ဒသမ ၇ သန်း) နဲ့ ကြိုတင် ရောင်းချထားပြီး ဖြစ်ပါတယ်။ 

နှစ်ယောက်စီးပြိုင်ကားကို Red Bull အသင်းရဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲ နှစ် ၂၀ အတွေ့အကြုံတွေနဲ့ တည်ဆောက်ထားတာပါ။ 

Red Bull  အသင်းဟာ ကားတည်ဆောက်သူအနေနဲ့ ချန်ပီယံ ၆ ကြိမ်၊ ယာဉ်မောင်းသူ ချန်ပီယံ ၇ ကြိမ်ရရှိထားပြီး နောက်ဆုံး ၃ ကြိမ်က မက်စ်ဗာစတက်ပန်နဲ့ ရခဲ့တာဖြစ်ပါတယ်။  

အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ပြိုင်ကား ဒီဇိုင်နာ အက်ဒရီယန် နယူးဝေးဟာ နောက်နှစ်မှာ ရက်ဒ်ဘူးလ်က ထွက်ခွာတော့မှာဖြစ်ပါတယ်။  

ဒါကြောင့် အမှတ်တရအနေနဲ့ ဒီကားကို ထုတ်ခဲ့တာဖြစ်ပြီး ကားအစီး ၅၀ စလုံးကို ဝယ်တဲ့ ပိုင်ရှင်နဲ့ ကိုက်အောင် ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။ 

RB17 ကားဟာ ပြိုင်ပွဲဝင်ကားတွေဖြစ်တဲ့  ၂၀၂၁ မိုဒယ် RB16B နဲ့ ၂၀၂၂ မိုဒယ် RB18 ကြားမှာ လစ်နေတဲ့ နံပါတ်ကို ယူထားတာဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013