DVB Logo
Home
မြန်မာသတင်း
မန္တလေး-မြစ်ကြီးနားလမ်း ရက်အကန့်အသတ်မရှိပိတ်၊ ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်-မြိတ် ယာဉ်လိုင်းများ အရှုံးပေါ်
DVB
·
July 13, 2024
မန္တလေး-မြစ်ကြီးနားလမ်း ရက်အကန့်အသတ်မရှိပိတ်၊ ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်-မြိတ် ယာဉ်လိုင်းများ အရှုံးပေါ်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေကြောင့် မန္တလေး-မြစ်ကြီးနား ကားလမ်းကို ဇူလိုင် ၁၁ ရက်နေ့မှ စတင်ပြီး  ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မန္တလေး မြစ်ကြီးနား အတက် အဆင်းပြုလုပ်မယ့်  ကုန်တင်ကား၊ အိမ်စီးကား၊ ခရီးသည်တင် မော်တော်ယာဉ်တွေကို  ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာလို့ မော်တော်ယာဉ်မောင်းတွေက ပြောပါတယ်။

“မန္တလေး-မြစ်ကြီးနား ကားလမ်းက မကြာခဏပိတ်တယ်။ ကားကြီး ကားလေး ကုန်တင်ကား အကုန်ပိတ်လိုက်တာ။ အချို့ကားတွေ ပိတ်မိနေတာ ရှိတယ်။ မဲဇာဂိတ် ကျောက်တန်းကျေးရွာ ဂိတ်တွေကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်” လို့ မန္တလေး-မြစ်ကြီးနား  မော်တော်ယာဉ်မောင်းတဦးက ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မန္တလေး-မြစ်ကြီးနား ကားလမ်းဟာ ရက်အကန့်အသတ်မရှိ မကြာခဏ ပိတ်ရလေ့ရှိတယ်လို့ ယာဉ်မောင်း နောက်တဦးက ပြောပါတယ်။

“မန္တလေး-မြစ်ကြီးနား ကားလမ်းက ခန့်မှန်းရခက်တယ်။ တခါတလေ လမ်းပိတ်တာ ၁၀ ရက်လောက် ကြာတယ်။ တိုက်ပွဲ အေးရင်တော့ ကားတွေကို နည်းနည်းချင်း လွှတ်ပေးတာရှိတယ်။ တခါတလေလည်း တိုက်ပွဲမရှိဘဲ ပိတ်တာပဲ။” 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က မန္တလေး-မြစ်ကြီးနားကားလမ်းကို ၁၀ ရက်ထက်မနည်း ပိတ်ပင်ခဲ့တာကြောင့် မြစ်ကြီးနားမြို့နယ်အတွင်း ကုန်စည်ဝင်ရောက်မှုမရှိတော့ဘဲ အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

တိုက်ပွဲတွေနဲ့ လမ်းခရီးမှာ အစစ်အဆေး များတာတွေကြောင့် ရန်ကုန်၊ မော်လမြိုင်၊ ရေး၊ ထားဝယ်၊ မြိတ် ခရီးသွားယာဉ်တွေဟာ ခရီးသည်တွေ လိုက်ပါစီးနင်းမှု မရှိတာကြောင့် အရှုံးပေါ်နေကြတယ်လို့ ယာဥ်လိုင်းတွေဆီက သိရပါတယ်။

“အခု မိုးရာသီကာလ ရောက်ပြန်ဆိုတော့ ခရီးသွားတွေက လမ်းခရီးမှာ အစစ်အဆေးလည်းများ၊ သွားလာစရိတ်ကလည်း များတော့ အရေးကြီးကိစ္စကလွဲရင် လူတွေ အသွားအလာမလုပ်ကြဘူး” လို့ ယာဥ်လိုင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ယာဉ်မောင်းတဦးက “ခရီးသွား မရှိပေမဲ့ ကုန်ပစ္စည်းတွေနဲ့ ပြန်ရတာရှိရင် ကားဆီဖိုးလေးတော့ ပြန်ရကြတယ်။ မိုးတွင်းဘက်က ကုန်လည်း သိပ်မရကြဘူးဆိုတဲ့အခါ ကားသယ်ယူစရိတ်တွေနဲ့ အရှုံးပေါ်ကြတယ်” လို့ ပြောပါတယ်။

ခရီးသည်မှန်လုံယာဥ်တွေထက် အိမ်စီးကားနဲ့သာ ရန်ကုန်-ရေး-ထားဝယ် မြိတ်ဘက်ကို ပိုသွားကြတာကြောင့် မှန်လုံယာဥ်လိုင်းတွေမှာ ခရီးသွား ကျဆင်းသွားတာလို့ ဆိုပါတယ်။

ဒေသအတွင်း ခရီးသွားယာဉ်တွေဟာ စက်သုံးဆီစျေးကြီးမြင့်တဲ့ဒဏ်ကိုလည်း ခံနေရသလို ရန်ကုန်၊ မော်လမြိုင်၊ ရေး၊ ထားဝယ်၊ မြိတ်လမ်းပိုင်းတချို့ဟာလည်း အသွားလာတွေ ကန့်သတ်ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013