DVB Logo
Home
Lead Story
ဗီယက်နမ်နှင့် မြန်မာကုမ္ပဏီများ ဆက်သွယ်ရေးလုပ်ငန်း ပေါင်းလုပ်ရန် လက်မှတ်ထိုး
DVB
·
September 25, 2014
ဗီယက်နမ်နှင့် မြန်မာကုမ္ပဏီများ ဆက်သွယ်ရေးလုပ်ငန်း ပေါင်းလုပ်ရန် လက်မှတ်ထိုး
Donate to DVB

vnpt_web1374220018 copyကိုယ်ပိုင် ဆက်သွယ်ရေးဂြိုဟ်တု ၂ လုံး လွှင့်တင်ထားနိုင်တဲ့ ဗီယက်နမ် နိုင်ငံတကာ ဆက်သွယ်ရေး ၀န်ဆောင်မှုအဖွဲ့ (ဗွီအန်ပီတီ) မြန်မာ နည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ကြဖို့ သဘောတူ စာချုပ်ချုပ်ခဲ့ ကြပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာ သဘောတူညီချက် လက်မှတ်ရေးထိုးမှုမှာ ဗီယက်နမ်ဘက်က ဗွီအန်ပီတီအပြင် CT-IN, Kasati, Vina-OFC ကုမ္ပဏီတွေ ပါဝင်ပြီး မြန်မာဘက်က ဖော်ကျွန်း အင်တာနေရှင်နယ်၊ အီလိုက် တယ်လီကွန်း၊ အေ၀မ်း ဆောက်လုပ်ရေး နဲ့ Terabit Wave ကုမ္ပဏီတွေ ပါဝင်ကြပါတယ်။

နှစ်ဖက် ကုမ္ပဏီတွေဟာ ပြည်တွင်း လုပ်ငန်းလုပ်ကိုင်သူတွေကို ဂြိုလ်တု ဆက်သွယ်ရေး လိုင်းရောင်းဖို့၊ ရုပ်မြင်သံကြား အစီအစဉ်တွေ ထုတ်လွှင့်မယ့် ကုမ္ပဏီတွေကို ၀န်ဆောင်မှုပေးဖို့၊ ဂြိုလ်တု အသုံးပြု ရုပ်မြင်သံကြား ၀န်ဆောင်မှုပေးဖို့ လုပ်ငန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013