DVB Logo
Home
မြန်မာသတင်း
နခွန်းဆဝမ်တွင် တရားမဝင် မြန်မာအလုပ်သမား  ၁၆ ဦးနှင့် လမ်းပြ ၄ ဦး ဖမ်းဆီးခံရ 
DVB
·
July 11, 2024
နခွန်းဆဝမ်တွင် တရားမဝင် မြန်မာအလုပ်သမား  ၁၆ ဦးနှင့် လမ်းပြ ၄ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းမြောက်ပိုင်း နခွမ်းဆဝမ်ခရိုင်၊ ဖယုဟာခီရီမြို့နယ်ထဲမှာ တရားမဝင်မြန်မာအလုပ်သမား  ၁၆ ဦးကို ထိုင်းနိုင်ငံသား လမ်းပြ ၄ ဦးနဲ့အတူ ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဇူလိုင် ၁၀ ရက်က မသင်္ကာဖွယ် ကား ၂ စီး တာ့ခ်ခရိုင်၊ မဲဆောက်က ထွက်လာတယ်ဆိုတဲ့ သတင်းပေးချက်အရ  ဖဟွန်ယိုးထင်းလမ်းပေါ်မှာ စောင့်ကြပ်စစ်ဆေးရာ မနက် ၁ နာရီလောက်မှာ အဲဒီကားတွေကို မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်ကနေ တားဆီးစစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ယာဉ်မောင်းနဲ့အတူ လူ ၂ ယောက်လိုက်ပါလာတဲ့ ပထမကား တစီးဟာ ရှေ့ကနေ လမ်းပြ ပေးတာ ဖြစ်ပြီး ဘေးနှစ်ဘက် လေပေါက်တွေဖောက်ထားတဲ့ ပစ္စည်းတင်ကွန်တိန်နာကားလို ဆင်ထားတဲ့ ဒုတိယကားမှာတော့ တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၆ ဦး လိုက်ပါလာတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူများကို စစ်ဆေးရာမှာတော့ လမ်းပြနဲ့ ယာဉ်တွေဟာ ထိုင်းလူမျိုးတွေဖြစ်ပြီး မဲဆောက်ကနေ အယုဒ္ဓယအထိ ဘတ် ၁၀၀၀၀နဲ့ ပို့ပေးဖို့ လက်ခံခဲ့တာလို့ ဆိုပါတယ်။  

တာဝန်ရှိသူတွေက ထိုင်းလူမျိုး ၄ ဦးကို တရားမဝင်အလုပ်သမားတွေ နိုင်ငံတွင်းခေါ်လာမှု၊ ကာကွယ် သိုဝှက်ပေးမှုတွေနဲ့ အရေးယူမှာဖြစ်ပြီး မြန်မာ ၁၆ ဦးကိုလည်း လဝကဥပဒေနဲ့ အရေးယူကာ ပြည်နှင်ဒဏ်ပေးမယ်လို့  သတင်းမှာ ဖော်ပြပါတယ်။ 

Source: MGR Online

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013